Home
မြန်မာသတင်း
ဆားလင်းကြီးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ပစ်သတ်ခံရ
DVB
·
October 3, 2022
310668628_201894338926448_2809058962892204102_n
310264193_413219120978350_2947454230823304229_n
310177303_413219174311678_6040555239710065347_n
310144966_413219077645021_8964635870704710157_n
309972908_413219220978340_6829693926565922553_n

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ရဲ ၄ ယောက် ပစ်သတ်ခံရပြီးနောက် မြို့နယ်မြောက်ခြမ်းက ကျေးရွာပေါင်း ၁၁ ရွာ အရေးပေါ်စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းကနေ စျေးထွက်ဝယ်တဲ့ ရဲ ၄ ယောက်ကို ရဲစခန်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းနားမှာ အမည်မသိအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ၄ ယောက်စလုံးသေပြီး လက်နက်တွေလည်းရ ရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် မုံရွာက စစ်သားအင်အားအများအပြားဟာ ဇက်သင်္ဘောနဲ့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို ကူးလာကြပြီး ရွာတွေကို သေနတ်တွေ တရစပ် ပစ်ဖောက်ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ညောင်ပင်ကြီးရွာအပါအဝင် အနီးတဝိုက်ရွာတွေဖြစ်တဲ့ အမှတ်၃၊အမှတ်၄၊ ထန်းတော၊ ရွာရှည်၊ သိမ်တော်၊ ရွှေအင်းလေး၊ နှင်းတော၊ ထန်းတောကြီး၊ ရုံးပင်ရိုး၊ အောင်ချမ်းစည်ရွာတို့က ဒေသခံတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

"တချို့က မုံရွာဘက်ကို ကူးသွားကြတယ်။ တချို့ကတော့ နီးစပ်ရာရွာတွေကိုသွားကြတယ်။ ရွာတွေက ကပ်လျက်တွေဆိုတော့ ညောင်ပင်ကြီးနဲ့ဝေးရာကို သွားကြတာ" လို့ ဒေသခံတယောက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024