DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်အတွက် လက်နက်နှင့်ရိက္ခာပို့ မော်တော်ယာဉ်များ ပစ်ခတ်ခံရ
DVB
·
October 3, 2022
စစ်ကောင်စီတပ်အတွက် လက်နက်နှင့်ရိက္ခာပို့ မော်တော်ယာဉ်များ ပစ်ခတ်ခံရ
Donate to DVB

ချင်တွင်းမြစ်အထက်ပိုင်းကို လက်နက်နဲ့ရိက္ခာ ပို့ဆောင်တဲ့ မော်တော်ယာဉ် ၁၃ စီးကို Chindwin Brother အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့ အလုံမင်ဒေါင့်ဆိပ်ကမ်းကနေ ဒီနေ့ မနက်ပိုင်းထွက်ခွာလာတဲ့ စစ်တပ် လက်နက်ခဲယမ်းတွေနဲ့ ထောက်ပို့ပစ္စည်းတင် ရေယာဉ် ၁၃ စီးကို မနက် ၁၁ နာရီကျော်လောက် အလုံဆိပ်ကမ်းရဲ့ အထက်ဘက် တနေရာကနေ  ပစ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့  Chindwin Brother ခေါင်းဆောင်က ပြောပါတယ်။

ဒီတကြိမ် ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်ရာမှာ စစ်ကောင်စီတပ်က လက်နက်ငယ်အသုံးမပြုတော့ဘဲ လက်နက်ကြီးတွေအပြင် စက်လက်နက်တွေပါ အသုံးပြုပစ်ခတ်လာကြတယ်လို့ ဆိုပါတယ်။

Chindwin Brother ခေါင်းဆောင် ဗိုလ်ဗန္ဓုက “သူတို့အထက်ပိုင်းကို ဆန်လာကတည်းက မြစ်ကမ်းဘေးတွေကို ပစ်ခတ်ဆန်တက်လာတယ်။ ဘေးတွဲတွန်း ဖလက်မော်တော်အကြီးက ၄ စီး၊ ဖလက်မော်တော်အသေး ၈ စီးနဲ့ စစ်သင်္ဘော ၁ စီး စုပေါင်း ၁၃ စီး ဆန်တက်လာတာကို ကျနော်တို့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်။ သူတို့ဘက်ကလည်း စက်လက်နက်တွေ၊ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာရှိတယ်။ ကျနော်တို့ ပစ်ခတ်လို့ စစ်ခွေးတွေဘက်က အကျဆုံး ရှိ၊ မရှိတော့ မသိရသေးဘူးဗျ။ စစ်ကောင်စီ မော်တော်တစီးတော့ ကျနော်တို့အဖွဲ့တွေ ပစ်ခတ်လို့ မီးလောင်နေတယ်။ ကျနော်တို့ဘက်ကတော့ အကျဆုံးတဦးမှမရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အခုတခေါက် ချင်တွင်းမြစ်ကို ဆန်တက်ရာမှာ ဖလက်မော်တော်ကြီးများပေါ်ကနေ စစ်ကားများပါ သယ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ခင်ဦးနယ်မှာလည်း စစ်ကောင်စီအထိုင်ချထားတဲ့ မူတိမ်ချောင်းတံတားစောင့်စခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီနေ့မနက်  ၁၀ နာရီခွဲကျော်လောက်က ပစ်ခတ်ခဲ့တယ်လို့ ‌ခင်ဦးမြို့နယ် မြင်းဒေါင်းဒေသခံ ခေါင်းဆောင်တဦးက ပြောပါတယ်။

“အခုလို ပစ်ခတ်လို့ အထိခိုက်ကတော့ စစ် (-) အသေအပျောက်ကတော့ မသိရ‌သေးဘူး။ ဒီကောင်တွေကို အခုလိုပစ်ခတ်တာက ကျနော်တို့ ဒေသခံတွေရဲ့ ရွာတွေကို ဖျက်ဆီးမီးရှို့၊ လူသတ်တာတွေလုပ်လို့ ပစ်ခတ်ရတာပါ။” 

မူတိမ်ချောင်းတံတားစောင့်စခန်းကို HERO ARMY၊ B.L.D.F၊  FARMER HEROES၊ EAGLEDEFENCE FORCE နဲ့ နယ်မြေခံ local မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013