DVB Logo
Home
မြန်မာသတင်း
Kalay PDF တပ်ရင်း ၄ က သီတင်းကျွတ်အထိမ်းအမှတ် တေးဂီတဖျော်ဖြေမည်
DVB
·
October 2, 2022
Kalay PDF တပ်ရင်း ၄ က သီတင်းကျွတ်အထိမ်းအမှတ် တေးဂီတဖျော်ဖြေမည်
Donate to DVB

စစ်ကိုင်းတိုင်း ကလေးခရိုင်အမှတ် ၄ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Kalay တပ်ရင်း ၄) က လာမည့် သီတင်းကျွတ် လပြည့်နေ့မှာ တေးဂီတဖျော်ဖြေပွဲလုပ်မယ်လို့ ကလေး PDF  တပ်ရင်း ၄ က တာဝန်ခံရဲဘော်တဦးက ပြောပါတယ်။

လက်နက်ခဲယမ်း၀ယ်ယူဖို့ ရန်ပုံငွေလိုအပ်နေပြီး ပြည်သူတွေဆီက ဆက်တိုက်ဆိုသလို အလှူငွေကောက်ခံနေရတာ အားနာတာကြောင့််အခုဖျော်ဖြေပွဲကို စီစဉ်ရတာဖြစ်ကြောင်း၊ ရဲဘော်တွေအနေနဲ့ ဖျော်ဖြေပွဲကို အင်တာနက်နဲ့ နည်းပညာ အခက်အခဲပေါင်းများစွားကြားက တောတွင်းရှိ ပစ္စည်းတွေနဲ့ ကြိုးစားထားကြကာ တခြားတာ၀န်တွေ ရှိနေသတဲ့ကြားက ကိုယ်တိုင်တီးခတ် သီဆိုဖျော်ဖြေမှာဖြစ်ပြီး အောက်တိုဘာ ၉ (သီတင်းကျွတ်လပြည့်နေ့) မှာ Telegram Channel မှတဆင့် တင်ဆက်မယ်လို့ ဆိုပါတယ်။

“ကြာလာတော့ အရင်လိုမျိုး ပြည်သူအပေါ်အလှူခံဖို့ အင်မတန်အားနာနေရတယ်။ ဒါကြောင့် တိုက်ပွဲ တိုက်တာမဟုတ်တဲ့ တခြားကျနော်တို့တတ်နိုင်တဲ့ အရာတခုခုကို ပြန်ပေးပြီး ရန်ပုံငွေရှာဖိုကြိုးစားရင်း ဒီအစီအစဥ်လေးကို လုပ်ဖြစ်သွားတာပါ။"

ဖျော်ဖြေပွဲမှာ သီချင်း ၁၂ ပုဒ် သီဆိုဖျော်ဖြေမှာဖြစ်ပြီး အခြားသောအစီအစဉ်အချို့လည်း ထည့်သွင်းထားကြောင်း။ ကြည့်ရှုအားပေးလိုတဲ့ ပြည်သူတွေအနေနဲ့ လက်မှတ်  တစောင်ကို ငွေကျပ် ၂၅,၀၀၀ နှုန်းနဲ့ ဝယ်ယူအားပေးနိုင်ကြောင်း၊ ဖျော်ဖြေပွဲမှ ရလာမယ့် ရန်ပုံငွေတွေကို တပ်ရင်း ၄ အတွက်လိုအပ်တဲ့ ပစ်အားကောင်းသော  လက်နက်များ ဝယ်ယူမည်ဖြစ်ပြီး  အဆိုပါလက်နက်တွေဟာ စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲတွေမှာ အလွန်အရေးပါကြောင်း ပြောပါတယ်။

ရဲဘော်တွေ ခက်ခက်ခဲခဲ စီစဉ်တင်ဆက်မယ့် အခုဖျော်ဖြေပွဲကို ပြည်တွင်းပြည်ပရှိ ပြည်သူတွေ ပါဝင်ပေးကြဖို့နဲ့ ပြည်တွင်းရှိ ပြည်သူများအတွက်သာမက ပြည်ပရှိ ပြည်သူများအတွက် အမေရိကန် ၁၀  ဒေါ်လာ၊ စင်ကာပူ ၁၅ ဒေါ်လာ၊ ကိုရီးယား ၁၅,၀၀၀ ဝမ်၊ ဂျပန် ၁၅၀၀ ယမ်းနဲ့ ထိုင်းဘတ် ၃၀၀ အသီးသီးသတ်မှတ်ထားပြီး PDF Kalay တပ်ရင်း ၄ ရဲ့ ဖေ့ဘုတ်စာမျက်နှာကတဆင့် ဝယ်ယူအားပေးနိုင်ကြောင်း၊ ပြည်သူတွေအနေနဲ့ လက်မှတ် ၁ စောင်မှစပြီး မိမိတတ်နိုင်သလောက် ၀ယ်ယူအားပေးရင်း ရဲဘော်တွေနဲ့အတူ ဂီတသံစဥ်ကို ခံစား နားဆင်ပြီး တော်လှန်ရေးအတွက် အားဖြည့်ပါ၀င်ပေးကြဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013