Home
မြန်မာသတင်း
ပေါက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ၊ နေအိမ်အချို့ ရေထဲမျောပါပျက်စီး
DVB
·
October 1, 2022
310269329_194889506330807_8126107895730566794_n
309815537_194889516330806_3236265632332585859_n
309686940_194889562997468_8301452081445602766_n
309312541_194889329664158_8332250496205586854_n
309068458_194889366330821_6676075392974222827_n

မကွေးတိုင်း ပေါက်မြို့မှာ နှစ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်အားလုံး ရေကြီးရေလျှံ ဖြစ်ပေါ်ပြီး နေအိမ်တချို့ ရေထဲမျောပါပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၇ နာရီလောက်ကနေ ဒီနေ့ မနက် ၃ နာရီလောက်အထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ပေါက်ချောင်းနဲ့ ဆင်စာချောင်းက ရေတွေဝင်ရောက်လာလို့ မြို့ပေါ် ၄ ရပ်ကွက်လုံး ရေကြီးရေလျှံဖြစ်ပေါ်ကာ နေအိမ် ၂ လုံးရေထဲ မျောပါသွားပြီး နေအိမ်တွေ၊ ဝင်းထရံတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ပေါက်မြို့ဒေသခံတယောက်က “ကျနော်တို့ ပေါက်မြို့မှာ ဒီနှစ် ရေးကြီးရေလျှံဖြစ်တာဟာ အဆိုးဆုံးပဲဗျ။ ယခင်နှစ်တွေက မုန်တိုင်းမိုးတွေမှာတောင် ယခုလောက်ရေမကြီးခဲ့ဘူး။ ဘောလုံးကွင်းထဲမှာ စျေးရောင်းနေတဲ့ ပျံကျစျေးသည်တွေရဲ့ ကုန်ပစ္စည်းတွေလည်း ရေထဲကိုမျောသွားတယ်။ တနေ့လုပ်တနေ့စား ဝါးခုတ်ရောင်းတဲ့ သူတွေဆိုရင်လည်း ဝါးတွေအားလုံးရေထဲကို မျောပါသွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မြို့လယ်က အားကစားကွင်း အုတ်တံတိုင်းလည်း ပြိုကျပျက်စီးပြီး၊ ဆင်ဆာချောင်းနဲ့ ကပ်လျက် အထက ကျောင်းမှာလည်း အုတ်တံတိုင်း ၁၁ ခန်း ပြိုကျပျက်စီးပြီး အိုးခွက်ပန်းကန်တွေနဲ့ ပရိဘောဂ ပစ္စည်းတွေ ရေထဲကိုမျောပါသွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

အခုလို ရေကြီးရေလျှံတာကြောင့် ကုန်းအမြင့်မှာရှိတဲ့ ဆွေမျိုးသားချင်းတွေရဲ နေအိမ်တွေမှာ ခိုလှုံနေကြရပြီး အခြေခံလူတန်းစား လက်လုပ်လက်စားတွေကတော့ စားဝတ်နေရေး အခက်ခဲ ဖြစ်ပြီး အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

ပေါက်မြို့မှာ စက်တင်ဘာ ၈ ရက်ကနေ ၁၀ ရက်နေအထိ ၃ ရက်ဆက်တိုက်မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ကျောချောင်းရေ ဝင်ရောက်ကာ အောင်ချမ်းသာရပ်ကွက်က နေအိမ် ၂၀ လောက် ရေနစ်မြုပ်ခဲ့တယ်လို့သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024