DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တရက်တည်း ပစ်ခတ်မှု ၅ ကြိမ်ဖြစ်၊ ၆ ဦးသေ၊ ၂ ဦးဒဏ်ရာရ
DVB
·
September 30, 2022
ရန်ကုန်တွင်  တရက်တည်း ပစ်ခတ်မှု ၅ ကြိမ်ဖြစ်၊ ၆ ဦးသေ၊ ၂ ဦးဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နဲ့ ပန်းဘဲတန်းမြို့နယ်တွေမှာ စက်တင်ဘာ ၂၉ ရက်က  ပစ်ခတ်မှုငါးကြိမ်ဖြစ်ပွားခဲ့ပြီး လူ  ၆ ယောက်သေဆုံးကာ  ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တောင်ဒဂုံ ၂၅ ရပ်ကွက် လောင်းလုံလမ်းမှာ မနေ့ည ၇ နာရီက အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“ပစ်ခံရတဲ့သူက ကွမ်းရောင်းတာ၊ လာဝယ်စားတဲ့သူတွေထဲမှာ ရဲရော စစ်သားရောရှိတယ်။ သတင်းပေးလား ဘာလားတော့မသိဘူး။ ၅၃ မှာလည်း လင်မယားနှစ်ယောက် အပစ်ခံရသေးတယ်။”

အလားတူ တောင်ဒဂုံမြို့နယ် ၅၃ ရပ်ကွက် သီရိမြိုင်လမ်းမှာလည်း မနေ့ည ၆ နာရီခွဲလောက်က သံပန်းဆိုင်က လင်မယားနှစ်ယောက်ကို သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“သံပန်းဆိုင်က ဦးစန်းမြင့်တို့လင်မယား အပစ်ခံရတယ်။ ပွဲချင်းပြီးသေသွားတယ်။ ရဲတွေရော စစ်တပ်တွေရော ရောက်နေတာ။ တောင်ဒဂုံမှာ မနေ့ကတရက်တည်း ပစ်ခတ်မှု သုံးကြိမ်ဖြစ်တာ။”

မနေ့ မနက်ပိုင်းက တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်နဲ့ မြောက်ဒဂုံမြို့နယ် ၃၂ ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်ခဲ့ရာ ရာအိမ်မှူးနှစ်ယောက် သေဆုံးပြီး ထွေအုပ်ဝန်ထမ်း အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ညနေပိုင်းမှာတော့ သိမ်ကြီးစျေး မဟာဗန္ဓုလလမ်းနဲ့ ၂၆ လမ်းထိပ်မှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်သားတယောက် သေဆုံးကာ အရပ်သားတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၂၉ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၄၅ ကြိမ်ဖြစ်ခဲ့ပြီး အငြိမ်းစား ဗိုလ်မှူးချုပ်အုန်းသွင် အပါအဝင် ၁၆ ယောက် သေဆုံးကာ ၂၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

(AC)သိမ်ကြီးစျေး အပစ်ခံရပြီးနောက် တွေရစဥ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013