DVB Logo
Home
မြန်မာသတင်း
အရာတော်တွင် စစ်တပ်ရိက္ခာတင်ဆောင်လာသည့်ကား ပစ်ခတ်ခံရ
DVB
·
September 29, 2022
အရာတော်တွင် စစ်တပ်ရိက္ခာတင်ဆောင်လာသည့်ကား ပစ်ခတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ ရိက္ခာတင်ဆောင်လာတဲ့ ကား ၁ စီးကို လက်လုပ်လက်နက်ကြီး အပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အရာတော်မြို့နယ်အတွင်း စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက မုံရွာကနေ တပ်ရိက္ခာတင်ဆောင်လာတဲ့ ကား ၁ စီးကို လက်လုပ် တူမီးရှေ့ထွက်ပြောင်းအကြီးစား ၂ လုံး အပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Danger Force LPDF အဖွဲ့က “ကမ်းဖြူရွာနဲ့ အရာတော်မြို့ကြားမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အရာတော်ဘက်ကိုပို့တဲ့ တပ်ရိက္ခာတင်လာတဲ့ ကားပါ။ သတင်းအတိအကျရလို့ စောင့်ပြီး တိုက်ခိုက်တာပါ” လို့  ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကား‌‌အတွင်းလိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု များနိုင်ပေမဲ့ လုံခြုံရေးအခြေအနေအရ စုံစမ်းနေဆဲဖြစ်ပြီး အတိအကျ မသိရသေးဘူးလို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Danger Force LPDF၊ ပင်လယ်ပျော်တော်လှန်ရေးအင်အားစု၊ People's Revolution Force (PRF)၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့နဲ့ အရာတော် (ပကဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ကလည်း အရာတော်မြို့နယ် နောင်ကြီးအိုင်ရဲစခန်းထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရဲချင်းကျေးရွာအနီးမှာ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က ခြုံခိုပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားတ‌ေယာက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013