DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ် ထိုင်းနိုင်ငံ ချိုင်းပကန်းတွင် စိတ်ကြွဆေး ၄ သိန်းကျော်ဖမ်းမိ
DVB
·
September 29, 2022
မြန်မာနယ်စပ် ထိုင်းနိုင်ငံ ချိုင်းပကန်းတွင် စိတ်ကြွဆေး ၄ သိန်းကျော်ဖမ်းမိ
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ချိုင်းပကန်းမြို့နယ်ထဲမှာ စိတ်ကြွဆေးပြားပေါင်း ၄ သိန်းကျော် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသသတင်းမှာ ဖော်ပြပါတယ်။ 

စက်တင်ဘာ ၂၈ ရက် မနက် ၁၀ နာရီလောက်က နယ်မြေခံရဲ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ချိုင်းပကန်းမြို့နယ် ဆီဒုန်းရင်အုပ်စု ဖာဟုန်စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်စဉ် အဖြူရောင်အိမ်စီးကား ၁ စီးပေါ်ကနေ စိတ်ကြွဆေးတွေ ဖမ်းမိတာလို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ ကားနောက်ခန်းဆိုဖာအောက်မှာ ဝှက်လာတဲ့ စိတ်ကြွဆေး ၂၃၀,၀၀၀ ကို အရင်ဖမ်းမိပြီး ဆက်လက်စစ်ဆေးရှာဖွေရာမှာ ရှေ့နောက် တံခါးရွက် ၄ ခုထဲ ဝှက်ထားတဲ့ စိတ်ကြွဆေး  နောက်ထပ်  ၂၁၀,၀၀၀ နဲ့ စုစုပေါင်း ၄၄၀,၀၀၀ (လေးသိန်းလေးသောင်း) ကို ဖမ်းမိတာပါ။ 

ယာဉ်မောင်းဖြစ်သူမှာ အသက် ၃၆ နှစ်ရွယ် ခွန်ကဲန်ဇာတိ ထိုင်းအမျိုးသားဖြစ်ပြီး ဘေးမှာ အသက် ၃၁ နှစ်ရွယ် မိန်းကလေး ၁ ဦး လိုက်ပါလာပါတယ်။ 

ယာဉ်မောင်းက သူဟာ အဆိုပါစိတ်ကြွဆေးတွေကို အခကြေးငွေ ဘတ် ၁ သိန်းနဲ့ အငှားသယ် ဆောင်ပေးခြင်းသာဖြစ်ပြီး ဖန်မြို့နယ်က သယ်လာတာလို့ ဖွင့်ဟဝန်ခံသွားပါတယ်။ 

ဖန်မြို့နယ်ဟာ မြန်မာနိုင်ငံ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်နဲ့ မျက်နှာချင်းဆိုင်မှာရှိပြီး  တောင်တန်းတွေနဲ့ ခြားထားပါတယ်။ 

ပြီးခဲ့တဲ့ အပတ်က ရွှေတြိဂံနယ်မြေမှာ လာအိုမူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေး ၃၃ သန်း နဲ့ အိုက်စ်ဆေး ၅၀၀ ဂရမ်နဲ့ပတ်သက်ပြီး တရားခံ လာအိုနိုင်ငံသား မုန့် (မြောင်ဇီး)  အမျိုးသားအား စစ်ဆေးချက်အရ  မိုင်းဆတ်ခရိုင် နဲ့ တာချီလိတ်ခရိုင်ထဲက လာတာလို့ နောက် ဆက်တွဲ သိရှိရကြောင်း မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013