DVB Logo
Home
မြန်မာသတင်း
ဘုရားတောင်တပ်စခန်းကုန်းတိုက်ပွဲတွင် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
DVB
·
September 29, 2022
ဘုရားတောင်တပ်စခန်းကုန်းတိုက်ပွဲတွင် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး ဘုရားတောင်တပ်စခန်းကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ၁၃ ဦးကျဆုံးပြီး  ၁၇ ဦး ထွက်ပြေးသွားကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဌာနရဲ့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F က ထုတ်ပြန်ပါတယ်။ 

စက်တင်ဘာ ၂၈ ရက် မနက်က ဘုရားသုံးဆူမြို့အဝင်ရှိ စစ်ကောင်စီတပ်  ခလရ ၂၈၃ တပ်ရင်းတပ်စွဲထားတဲ့  ဘုရားတောင်တပ်စခန်းကုန်းကို KNLA တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်တွေနဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တပ်ဖွဲ့ဝင်တွေက ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က  ဒုတပ်ရင်းမှူးအပါအဝင် ၁၃ ဦးကျဆုံးခဲ့ပြီး ၁၇ ဦးလောက် စခန်းစွန့်ခွာထွက်ပြေးသွားကာ  MA4 ပူးတွဲ ၁ လက်၊ MA2 ၅ လက်၊ MA3 ၃ လက်၊ MA1 ၂ လက်၊ စနိုက်ပါ ၁ လက်၊ ၆၀ မမတစ်လက်၊ RPG ၁ လက်၊ ငါးကြင်းမြီးစက်လတ် ၁ လက်/နာတိုကျည် ၈၉ တောင့်၊  5.56 ကျည် ၅၁၃ တောင့်၊ ကျည်ဘောက် ၃၂ ခု သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲကြာချိန် မနက်  ၆ နာရီမှ  ၉ နာရီအထိ အပြင်းအထန် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး KNLA နဲ့ S.O.F တပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ကျဆုံးမရှိဘူးလို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ပြန်ကြားရေး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဆုံဆည်းမြိုင်နဲ့ ဥကရစ်ထရွာအကြားမှာ စစ်ကောင်စီတပ်က ထိခိုက် လူနာတွေကို ဥကရစ်ထစခန်းသို့ပို့ဆောင်စဉ် KNLA နဲ့KNDO ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ  ၂၈ ရက်မွန်းလွဲမှာ တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ကို KNLAပူးပေါင်းဘက်က လက်နက်ငယ်နဲ့‌ရော ဒရုန်းနဲ့ပါ လက်ဦးမှုရယူတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့တင်  ၂ ဦးထက်မနည်း ကျဆုံးကြောင်း ရှေ့တန်းရောက် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဒေသတွင်းမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က သေးဆုံးတာရှိသလို ထိခိုက်ဒဏ်ရာရရှိသူတွေကို ဥကရစ်ထစခန်းဘက် ပို့ဆောင်ထားတာဖြစ်ပါတယ်။

Photo-SOF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013