DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
September 28, 2022
ကလေးမြို့ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက် (ယခင်ဘဲအင်းရပ်ကွက်) မှာ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းက အသက်မပြည့်‌သေးတဲ့ ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘဲအင်းရပ်ကွက်မှ မျက်မြင်တွေ့ရှိသူတယောက်က “မနေ့က နေ့လယ်ပိုင်းကြီး ရောက်ချလာတာ။ အိမ်နားပတ်ဝန်းကျင်တွေ အကုန်လုံး ဝင်မွှေပြီး ဖမ်းသွားတာ။ ဘဲအင်းတရပ်ကွက်လုံးကို ဝင်‌မွှေသွားတာ။ ဒေသခံတွေရော ကလေးငယ်တွေရော ပါတယ်။ ဖမ်းတုန်းက တယောက်ကတော့ ရိုက်နှက်ခံရတယ်။ သူ့အိမ်မှာ NLD ပါတီအင်္ကျီတွေ့လို့ ရိုက်တာ။ စစ်သားတွေက အရက်တွေမူးမူးနဲ့ ဝင်ဖမ်းတာ။ ကျမတို့ရပ်ကွက်ကို သူပုန်ရပ်ကွက်လို့လည်း ပြောတယ်။ အိမ်ထဲမှာရှိတဲ့ သားအဖနှစ်ယောက်ကိုလည်း PDF တွေမလား မေးရင်လည်း မင်းတို့က မဟုတ်ဘူးပဲ ပြောမယ်၊ လာလိုက်ခဲ့ဆိုပြီး ကြိုးတုပ်ဖမ်းဆီးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီ ဘဲအင်းရပ်ကွက်က ဦးထိုက်ကြီး၊ ဦးအေပို၊ ချမ်းမြေ့အောင်တို့ အပါအဝင် ခန့်မှန်းခြေ ဒေသခံ အ‌ယောက် ၂၀ ကျော်ကို ဖမ်းဆီးသွားတာလို့ ပါတယ်။

ဘဲအင်းရပ်ကွက်မှ ဒေသခံ တခြားတယောက်က “ဒီနေ့မနက်လည်း ရပ်ကွက်ထဲ ဝင်မွှေတယ်။ ဒါကြောင့် အပြင်မထွက်ရဲဘူး။ အိမ်ထဲမှာပဲ ကြောက်လို့ နေနေကြရတာ။ ဒါကြောင့် ဖမ်းဆီးခံရတဲ့ အရေအတွက်ကို အတိအကျ မသိရသေးတာ။ ဖမ်းဆီးသွားတာတော့ အရမ်းများတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ထဲ ဖမ်းဆီးခေါ်ဆောင်သွားကာ မိသားစုဝင်တွေက ထမင်းပို့ရပြီး တွေ့ဆုံခွင့်တော့ မရဘူးလို့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးဖမ်းဆီးမှုတွေ များပြားနေတာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၆၀၀‌ ဝန်းကျင် ရှိ‌ပြီဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013