DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး စနိုက်ပါ ထိမှန်သေဆုံး၊ ဒီးမော့ဆိုတွင် KDF ရဲဘော် ၁ ဦး ကျဆုံး
DVB
·
September 28, 2022
လွိုင်ကော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး စနိုက်ပါ ထိမှန်သေဆုံး၊ ဒီးမော့ဆိုတွင် KDF ရဲဘော် ၁ ဦး ကျဆုံး
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့၊ ကယန်းသာယာ လမ်းခွကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် မနက် ၁၀ နာရီလောက်က အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ဆေရး စနိုက်ပါအဖွဲ့နဲ့ KNDF B O2  စနိုက်ပါ အဖွဲ့တို့ ပူးပေါင်းပြီး ကယန်းသာယာ လမ်းခွကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စနိုက်ပါတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးသွားတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

မနက်  ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာသွားတာကြောင့် စက်လက်တွေ၊ စနိုက်ပါတွေ၊ ၆၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် လက်တွေ့ မြေပြင်မှာ ကြုံတွေ့နေရတဲ့ ပြည်သူ့ရဲဘော်တွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ လက်နက်ခဲယမ်းတွေ၊ ကျည်ဆန်တွေ ကူညီထောက်ပံ့ပေးကြဖို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။

ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာတိုက်ပွဲမှာတော့ ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU တပ်ဖွဲ့ဝင် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) တပ်ဖွဲ့မှ ရဲဘော်တယောက် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာကို ဆေးကုသမှုခံယူရင်း ကျဆုံးသွားတယ်လို့ KRU က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၆ ရက်က ကုန်းသာကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေး (ခ) အခြောက်မဟာ ဆေးဝါးကုသမှု ခံယူနေရင်း ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ကျဆုံးသွားတယ်လို့ KRU တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

“ကျဆုံးသွားတဲ့ ရဲဘော်က ခါးအရိုးတွေပါ ထိသွားတာ။ ဒဏ်ရာက တော်တော်ပြင်းပါတယ်။ ဆေးရုံမှာ တောင့်ခံရင်း ကျဆုံးသွားတာ။ ဒီးမော့ဆိုမြို့ ကုန်းသာတိုက်ပွဲမှာ တိုက်ပွဲဖြစ်နေတာ ၇ လ ကြာပါပြီ။ တိုက်ပွဲတွေအတွင်း KRU မှ ရဲဘော် ၂ ဦး သေဆုံးပြီး ၅ ဦးက ခြေလက်အင်္ဂါ ဆုံးရှုံးထားပါတယ်။”

ဒီးမောဆိုမြို့ ကုန်းသာကျေးရွာမှာ စစ်ကောင်စီက တပ်စွဲထားပြီး တိုက်ပွဲတွေအတွင်း လေကြောင်းကို ဆက်တိုက်အသုံးပြုလာသလို လက်နက်ကြီးအသုံးပြုမှုတွေလည်း ပိုမို များပြားလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေအတွင်း ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU မှ ရဲဘော်တွေအနေနဲ့ လက်နက်ခဲယမ်း အဓိက လိုအပ်ချက်ရှိနေပြီး အကန့်အသတ်နဲ့ တိုက်ပွဲဝင်နေရသလို ကျည်ဆန်ကုန်သွားပါက တိုက်ပွဲအတွင်း ထိုင်နေရပြီး နောက်တန်းပြန်ဆုတ်ဖို့ ခက်ခဲတယ်လို့ KRU က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013