DVB Logo
Home
မြန်မာသတင်း
ရွှေတြိဂံဒေသတွင် စိတ်ကြွဆေးပြား ၃၃ သန်းနှင့် အိုက်စ်မူးယစ်ဆေး ၅၀၀ ကီလိုဂရမ်ဖမ်းမိ
DVB
·
September 28, 2022
ရွှေတြိဂံဒေသတွင် စိတ်ကြွဆေးပြား ၃၃ သန်းနှင့် အိုက်စ်မူးယစ်ဆေး ၅၀၀ ကီလိုဂရမ်ဖမ်းမိ
1 / 2
Donate to DVB

မြန်မာ၊ ထိုင်း၊  လာအိုသုံးနိုင်ငံနယ်စပ်၊ ရွှေတြိဂံဒေသမှာ စိတ်ကြွရူးသွတ်ဆေးပြားပေါင်း ၃၃ သန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၅၅၀ ကီလိုဂရမ် လာအိုမူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။

လာအိုမူးယစ်ဆေးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၂၃ ရက်က ဘော်ကယောက်ခရိုင် တွန့်ဖိန့်မြို့နယ် ဘန့်လူမ့်ယင်ကျေးရွာအနီးမှာ အသက် ၃၄ နှစ်ရွယ် လာအိုနိုင်ငံသား တယောက်ထံကနေ စိတ်ကြွဆေးပြား ၃ သိန်းလောက်ပါတဲ့  အစည်းပေါင်း ၁၅၀ စည်းကို အရင်ဖမ်းမိခဲ့ပါတယ်။

အဆိုပါဖမ်းဆီးမှုကနေ ကွင်းဆက်တွေ ဆက်လက်စစ်ဆေးဖော်ထုတ်ရာမှာတော့ ထိုင်း-မြန်မာ နယ်စပ်ကို ခြားထားတဲ့ မယ်ဟုတ်ချောင်းနဲ့ ၁ ကီလိုမီတာအကွာ တွန့်ဖိန့်မြို့နယ် ဆီဘွန်းလိန်းကျေးရွာရှိ နေအိမ်တစ်လုံးကနေ အစိမ်းရောင်မြွေရေခွံအိတ် ၁၆၅ အိတ်ထဲက အလေးချိန် ၃၆၃၀ ကီလိုဂရမ်ရှိ စိတ်ကြွဆေးပြား ၃၃ သန်းလောက် ဖမ်းဆီးရမိခဲ့ပါတယ်။ 

အဆိုပါအိမ်ထဲမှာပဲ အိတ်အလုံးပေါင်း ၅၀၀ ထဲက အလေးချိန် ၅၀၀ ကီလိုဂရမ်ရှိ အိုက်စ်မူးယစ်ဆေးပါဖမ်းမိပြီး အိမ်ထဲက အမျိုးသမီး တယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိတဲ့နေရာဟာ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့ရှိ မဲခေါင်မြစ်ကမ်းရဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။

Ref- MaesaiPress

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013