DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများဖြင့် CDM ပြုလုပ်
DVB
·
September 27, 2022
ကန်ပက်လက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများဖြင့် CDM ပြုလုပ်
Donate to DVB

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ စက်တင်ဘာ ၂၁ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ စစ်ကောင်စီ တပ်သား တစ်ယောက်နဲ့ ရဲတယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်လာတယ်လို့ CDF ကန်ပက်လက်က ပြောပါတယ်။

ကန်ပက်လက်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား နေသူအောင်နဲ့ ရဲတပ်သား ဗန်ဒိန်းတို့ဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့လို့ CDF-ကန်ပက်လက်ကို ဆက်သွယ်ပြီး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာတာလို့ CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုရှိန်းထန်းက ဒီဗွီဘီကို ပြောပါတယ်။

“တယောက်က စက်တင်ဘာ ၂၁ ရက်နေ့မှာ ရောက်လာပြီး နောက်တယောက်ကတော့ ၂၃ ရက်နေ့မှာ ရောက်လာတာဗျ။ သူတို့ဆီမှာ G3 သေနတ်တလက်၊ MA2 တလက်၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆန် ၃၇၄ တောင့်နဲ့ ကျည်ကာ တထည် ပါလာတယ်။” 

အဲဒီစစ်ကောင်စီတပ်သားနဲ့ ရဲတပ်သားကို ထိုက်သင့်တဲ့ ဆုကြေးငွေ ဂုဏ်ပြုချီးမြှင့်ပေးပြီး သူတို့ရဲ့ သဘောဆန္ဒအရ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားတယ်လို့ ကိုရှိန်းထန်းက ပြောပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းချင်တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို CDF-ကန်ပက်လက်အနေနဲ့ နွေနွေထွေးထွေး ကြိုဆိုနေပြီး လက်နက်ခဲယမ်းတွေနဲ့ CDM ပြုလုပ်မယ်ဆိုရင် ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013