DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် အတိုင်ပင်ခံတို့ကို ရဟတ်ယာဉ်အမှု ဆက်လက် စစ်ဆေး
DVB
·
September 27, 2022
သမ္မတနှင့် အတိုင်ပင်ခံတို့ကို ရဟတ်ယာဉ်အမှု ဆက်လက် စစ်ဆေး
Donate to DVB

ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့က နေပြည်တော်အချုပ်က အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ 

ဒီနေ့ ရုံးချိန်းမှာ  လူကယ်ပြန်ဝန်ကြီးဌာနက ညွန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းကို စစ်ဆေးပြီး ငါးမှုမှာ လေးမှုပြီးတယ်လို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။ 

၂၀၂၁ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တတစင်း ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လာဘ်ယူတယ်လို့ စွပ်စွဲပြီး တရားစွဲဆိုထားတဲ့ အဂတိနှစ်မှုကိုတော့ အောက်တိုဘာ ၄ ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။ 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013