DVB Logo
Home
မြန်မာသတင်း
ကျောက်တော် မဟာမုနိဘုရားတွင် တပ်စွဲထားတဲ စစ်ကောင်စီတပ်သား ၃ ဦးထွက်ပြေး
DVB
·
September 27, 2022
ကျောက်တော် မဟာမုနိဘုရားတွင် တပ်စွဲထားတဲ စစ်ကောင်စီတပ်သား ၃ ဦးထွက်ပြေး
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃ ယောက် စက်တင်ဘာလ ၂၆ရက်မှာ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ကို စစ်ကောင်စီတပ်က အသဲအသန် လိုက်ရှာနေပြီး လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးမေးမြန်းနေတယ်လို့ ကျောက်တော်မြို့နယ် ဒေသခံတယောက်က ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် အမြင်မှန်ရပြီး ထွက်ပြေးသွားတဲ့ သူတွေအတွက်တော့ ဂုဏ်ယူပါတယ်။ လက်နက်ခဲယမ်းတွေ ပါသွားလားဆိုတာကိုတော့ အတိကျမသိရသေးဘူး။ ရက္ခိုင်တပ်တော်နဲ့ အဆက်သွယ်ရပြီး စစ်(...)တွေဘက်က ပြန်မမိပါစေနဲ့လို့ပဲ ဆုတောင်းပေးပါတယ်။”

ကျောက်တော် အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုက တပ်သား ၃၈ ယောက်ဟာလည်း စက်တင် ဘာလ ၂၂ ရက်နေ့ ညပိုင်းမှာ ရက္ခိုင်တပ်တော် ULA/AA ဆီမှာ အလင်းဝင်ပူးပေါင်းခဲ့ကြပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာလည်း ​စစ်ကောင်စီစစ်ကြောင်းတွေက လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတဲ့ အရာရှိစစ်သည် ၁၀ ယောက်ထက်မနည်းရှိတယ်လို့သိရပါတယ်။

တခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတာတွေရှိလို့ အရေအတွက် ရာဂဏန်းလောက်ရှိတယ်လို့ ရက္ခိုင်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပဥ္စမအကြိမ်မြောက် ULA/AA သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

အဲဒီပူးပေါင်းလာသူတွေဟာ တိုက်ပွဲမဖြစ်ခင်က လာရောက်ပူးပေါင်းသူ တွေရှိသလို တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်း အေအေတပ်နဲ့ လာရောက်ပူးပေါင်းသူတွေက ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ထပ်မံအလင်းဝင်ဖို့ ULA/AA ကို ဆက်သွယ်လာသူတွေလည်း အများအပြားရှိနေပြီး ပူးပေါင်းလာသူတွေကိုလည်း ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးထားကာ ထပ်မံပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကို ဖိတ်ခေါ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013