DVB Logo
Home
မြန်မာသတင်း
ရှင်ဇိုအာဘေး၏ ဈာပနတက်ရောက်ရန် စစ်ကောင်စီခန့်သံအမတ်ကို ဖိတ်ကြားသည့်အပေါ် ကန့်ကွက်ဆန္ဒပြ
DVB
·
September 27, 2022
ရှင်ဇိုအာဘေး၏ ဈာပနတက်ရောက်ရန် စစ်ကောင်စီခန့်သံအမတ်ကို ဖိတ်ကြားသည့်အပေါ် ကန့်ကွက်ဆန္ဒပြ
1 / 11
Donate to DVB

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားမှာ အကြမ်းဖက်စစ်ကောင်စီခန့် တိုကျိုသံအမတ်ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာနဲ့ ပတ်သက်ပြီး လက်မခံနိုင်ကြောင်း ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးရုံးရှေ့မှာ စက်တင်ဘာ ၂၆ ရက် ဆန္ဒပြကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာခင်ဇေယျာမြင့်က “ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးရဲ့ စျာပနကို ဂျပန်အစိုးရက ဖိတ်ကြားထားတဲ့ စကစရဲ့ တိုကျိုသံအမတ်က အကြမ်းဖက်စကစအဖွဲ့ကိုပဲကိုယ်စားပြုတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုသူမဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ဖိတ်ကြားတယ်လို့ ဂျပန်အစိုးရအနေနဲ့ မသုံးသင့်ဘူးဒါကြောင့် ကျမတို့ လာရောက်ဆန္ဒပြတောင်းဆိုရတာပါ”လို့ ပြောပါတယ်။

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒက မပြောင်းလဲတဲ့အကြောင်း၊ ၁၉၈၈ နောက်ပိုင်း နဝတ၊ နအဖ ခေတ်လိုပဲ စစ်တပ်ဘက်ကို အလေးသာတဲ့ နှစ်ဖက်ခွမီးစတဖက် ရေမှုတ်တဖက်မူဝါဒပဲဖြစ်ကြောင်းနဲ့ နောင်တချိန် ဂျပန်-မြန်မာနှစ်နိုင်ငံချစ်ကြည်စွာ ဆက်ဆံရေး မျှော်မှန်းမရနိုင်ပါဘူးလို့လည်း ဒေါက်တာခင်ဇေယျာမြင့်က ပြောပါတယ်။

ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒသဘောထားတွေကို ရေးသားထားတဲ့ အိပ်ဖွင့်ပေးစာကိုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကတဆင့် ဂျပန်အစိုးရထံ ပေးအပ်ခဲ့ပါသေးတယ်။

ဒီမိုကရေစီထွန်းကားတဲ့ ဂျပန်လိုနိုင်ငံက ပြည်သူကိုပြန်သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေကို နိုင်ငံတကာနဲ့တန်းတူဖိတ်ကြားတာဟာ စကားလုံးနဲ့ ဖော်ပြလို့မရနိုင်အောင် အရမ်းကိုအံအားသင့် တုန်လှုပ်မိနေကြကြောင်း ဂျပန်နိုင်ငံခြားရေးရုံးတာဝန်ခံကို ရှင်းပြပြောဆိုရင်း အိပ်ဖွင့်စာပေးအပ်ခဲ့တယ်လို့ စာပေးအပ်တဲ့အဖွဲ့ဝင် ဦးမြင့်ဆွေက ပြောပါတယ်။

စက်တင်ဘာ၂၇ ရက်နေ့ ကျင်းပမယ့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော် ဈာပန မှာအခုလို အကြမ်းဖက်စစ်ကောင်စီရဲ့သံအမတ်ကို ဖိတ်ကြားတာက စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်နိုင်တာမို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေသာမက ဂျပန်လွှတ်တော်အမတ်တွေနဲ့ ဂျပန်လူ့အခွင့်အရေးလှုပ်ရှားနေသူတွေကပါ စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ အင်္ဂလန် ဘုရင်မကြီး အဲလိဇဘက်ရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားမှာတော့ စစ်ကောင်စီခန့် မြန်မာကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်မပြုခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013