DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် ကျုံလောင်းရွာဟောင်းက အမျိုးသား ၁ ဦး အသတ်ခံရ
DVB
·
September 26, 2022
ရေးမြို့နယ် ကျုံလောင်းရွာဟောင်းက အမျိုးသား ၁ ဦး အသတ်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းက စစ်ကောင်စီကို သတင်းပေးနေတဲ့ ကျော်နိုင်ဦးကို စက်တင်ဘာ ၂၆ ရက် မနက် ၁၁ နာရီ ၂၀ မိနစ်အချိန်က ရေး YGF ပြောက်ကျား တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ YGF မှ တာဝန်ရှိသူက ပြောပါတယ်။

သူက စစ်ကောင်စီနဲ့ပတ်သက်ဆက်နွှယ်နေပြီး ပြည်သူတွေအမြင်မှာတော့ အနေအေးပြီး နောက်ကွယ်မှာ  ကွမ်းသီးဝယ်ရင်း စစ်ကောင်စီကို အထူးသတင်းပေးနေသော ကျောက်မိချောင်း တောင်နေ ကျော်နိုင်ဦးကို ဖရဲသီးသတင်းပေးချက်အရ  YGF - ရေးပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်မိချောင်းရွာနဲ့ ကျုံလောင်းရွာဟောင်းလမ်းဆုံ သူ့ရဲ့ ကွမ်းသီးရောင်းဝယ်ဒိုင်မှာ သူ့မိန်းမနဲ့ အတူရှိနေစဥ် မိန်းမဖြစ်သူကို ဘေးဖယ်ရှားပြီး စစ်ကောင်စီသတင်းပေး ကျော်နိုင်ဦးကို  YGF-ရေး ပြောက်ကျားတပ်ဖွဲ့ကရှင်းလင်းလိုက်တာပါ။

ပစ်ခတ်ရှင်းလင်းခံရတဲ့ မိသားစုဝင်တွေဘက်ကတော့ အခုဖြစ်စဉ်မှာ သတင်းပေးလို့ စွပ်စွဲခံရပြီး အသတ်ခံရတဲ့အပေါ်မှာ ဝမ်းနည်းရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူးလို့ မိသားစုနဲ့နီးစပ်တဲ့ သူတဦးက ပြောပါတယ်။

ရေးမြို့နယ်မှာ စစ်တပ်သတင်းပေးဆိုပြီး ကျောက်မိတောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ အိုင်ဗုတ် လက်ဖက်ရည်ဆိုင်မှာ အမျိုးသား ၁ ဦး၊ အခု ကွမ်းသီးရောင်းဝယ်သမားတို့ အသတ်ခံခဲ့ရပြီး ကျုံလောင်းရွာဟောင်းရွာက ရပ်ကျေးစာရေးက ပထမဦးဆုံး ပစ်ခတ်ခံရပေမယ့် မသေဆုံးခဲ့ပါဘူး။

အဆိုပါ သတင်းပေးတွေ လုပ်ကြံသတ်ဖြတ်ခံနေရတဲ့ ကျုံလောင်းရွာဟောင်းနေရာဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သလို PDF တွေ လှုပ်ရှားနယ်မြေလည်း ဖြစ်ပြီး ရေး  မြစ်ကူးတံတား စစ်ဆေးရေးဂိတ်လည်း ထားရှိပြီး လုံခြုံရေးတွေ တင်းကျပ် ပိတ်ဆို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013