DVB Logo
Home
မြန်မာသတင်း
မိုင်းဆွဲခံရသည့် ကားအားပြုပြင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၈ ဦးသေ၊ လက်နက်များ သိမ်းဆည်းရရှိ
DVB
·
September 26, 2022
မိုင်းဆွဲခံရသည့် ကားအားပြုပြင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၈ ဦးသေ၊ လက်နက်များ သိမ်းဆည်းရရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ စစ်တပ် ထောက်ပို့ယာဉ်ကို လမ်းမှာပြုပြင်နေတုန်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

စက်တင်ဘာ ၂၅ ရက် မနေ့ မနက် ၁၁ နာရီလောက်က ချောင်းဦးနဲ့ ခင်မွန်ကြားမှာ စစ်ကိုင်းကနေ မုံရွာဘက်ဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ် ၁ စီး ပျက်စီးရပ်တန့်သွားလို့ ပြုပြင်နေချိန် ထပ်မံပစ်ခတ်တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

“မိုင်းဆွဲခံရပြီး အဲဒီကားကဆက်မောင်းမရလို့ နောက်ကပါလာတဲ့ စစ်ကားတစင်းက ဝင်ကူပေးနေတာ။ အဲဒီအချိန် ဝင်ပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ Mission မှာတော့ လက်နက်တွေပါ ရလိုက်တာ” လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) ရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ 

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ဟာ နေရာမှာတင်သေဆုံးသွားပြီး ဒဏ်ရာရတဲ့ ၂ ယောက်ကို ဖမ်းဆီးခေါ်လာတုန်း လမ်းမှာသေဆုံးခဲ့သလို နောက်တယောက်ကတော့ စခန်းမှာ ဆေးဝါးကုသပေးနေတုန်း သေဆုံးသွားတာဖြစ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဆီကနေ BA-72(G1) ၁ လက်၊ MA-3 ၁ လက်၊ BA-94(Uzhi) ၁ လက်၊ 7.62(ကပစ) ကျည် အတောင် ၂၀၊ 5.56(ကပစ) ကျည် ၂၆ တောင့်၊ 9mm(ကပစ) ကျည် ၁၅ တောင့်၊ ဓားမြှောင် ၁ လက်၊ Mytel Keypad ဖုန်း ၁ လုံး၊ walkitalki (ဆက်သွယ်ရေးစကားပြောစက်) ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) တပ်ခွဲ (၁) က ရဲဘော် ၁ ယောက်၊ တပ်ခွဲ (၄) က ရဲဘော် ၁ ယောက် မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို  ချောင်းဦးမြို့နယ် ပကဖ အင်အားစုဖွဲ့ရေးနဲ့ လေ့ကျင့်ရေးတာဝန်ခံဦးစီး အင်အား ၄ ယောက်နဲ့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) တပ်ခွဲ (၁)နဲ့ တပ်ခွဲ (၄) ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

မန္တလေး - မုံရွာလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရနေပြီး စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ချောင်းဦးနဲ့ မုံရွာမြို့ကြားမှာ စစ်ကောင်စီတပ်ကား ၂ စင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013