DVB Logo
Home
မြန်မာသတင်း
စစ်တပ်စစ်ကြောင်း ၂ ခု ကို PDF တိုက်ခိုက်၊ စစ်သုံ့ပန်း ၉ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
DVB
·
July 28, 2026
စစ်တပ်စစ်ကြောင်း ၂ ခု ကို PDF တိုက်ခိုက်၊ စစ်သုံ့ပန်း ၉ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
1 / 8
Photo: PDF
Donate to DVB

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းတွေကို PDF က တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၉ ယောက်နဲ့ အတူ လက်နက်ခဲယမ်း၊ ဆန်ရိက္ခာနဲ့ စစ်ဘက် အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ မကွေးတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ရုံးချုပ်က ဇူလိုင် ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၆ ရက်က လောင်ရှည်မြို့ကနေ ဆောမြို့ကို ဦးတည်ပြီး ထွက်လာတဲ့ တပ်မ ၉၉ ဦးဆောင်ပြီး အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ တပ်ရင်း တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းဟာ အထိနာပြီး လောင်ရှည်မြို့ကို ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတိုက်ပွဲအတွင်းမှာ ဆုတ်ခွာပြေးခဲ့တဲ့ စစ်အာဏာရှင်တပ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့ပြီး စစ်အာဏာရှင်တပ်က လက်နက်ခဲယမ်းတွေ၊ ရိက္ခတင်ကား ၃ စီးနဲ့ ရိက္ခာတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၅ ရက်က အင်အား ၁၈၀ ခန့်ပါ စစ်အာဏာရှင်တပ် စစ်ကြောင်းနဲ့အတူ လေကြောင်း ပစ်ကူယူပြီး ဒုတိယအကြိမ် ထိုးစစ်ဆင်ပေမဲ့ ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊ တပ်ဖွဲ့တွေက အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တာကြောင့် အဲဒီစစ်ကြောင်းလည်း အထိနာပြီး ထပ်မံဆုတ်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီ ဒုတိယအကြိမ် ထိုးစစ်အတွင်း တိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၉ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင် စစ်ကြောင်း ၂ ခုကို တိုက်ခိုက်ပြီးနောက် MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၃ လက်၊ ရှော့ဂန်းသေနတ်-၂ လက်၊ RPG ပြောင်း ၂ လက်၊ ၄၀ မမ ဗုံးသီး ၅၁ လုံး၊ ၆၀ မမ ဗုံးသီး ၁၄၄ လုံး၊ ၈၁ မမ ဗုံးသီး ၁၉ လုံး၊ ၁၂၀ မမ ဗုံးသီး ၂၂ လုံး၊ ရှော့ဂန်း ကျည် ၂၅ တောင့်၊ ၅.၅၆ ကျည် ၅,၆၁၅ တောင့်၊ ၇.၆၂ သုံးမျိုးသုံးကျည်- ၃၇၉ တောင့်၊ MG 42 ကျည် ၁၄၁၅ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ အီနာဂါ ၆ ခု၊ RPG အဖူး ၁၄ ဖူး၊ RPG ပို့ကျည် ၁၅ တောင့်၊ MG 42 ပြောင်းပို ၂ ခု၊ MG 42 ကျည်ခါးပတ်- ၄ ခု ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ပြောထားပါတယ်။

အဲဒီနောက် နင်းမိုင်း- ၉ လုံး၊ တိုက်မိုင်း ၁ လုံး၊ ရှေ့ထွက်မိုင်း ၁၁ လုံး၊ ဒရုန်းဗုံးသီး ၂၂ လုံး၊ equipment ၂ စုံ၊ ကျည်ကာ ဦးထုပ် ၁၄ လုံး၊ ဓား ၁၀ ချောင်း၊ GBP 128 မိုင်းရှင်းစက်ပုံး ၃ ပုံး၊ ကား ၃ စီး၊ Drone Jammer ၁ ခု၊ Drone Controller ၁ ခု၊ ဒရုန်းပစ္စည်းထည့် ပုံးကြီး ၁ ပုံး၊ ဖုန်းအထိုင်ခွက် ၂ ခု၊ မီးစက်-၂ လုံး၊ မီးကြိုးခွေ ၂ ခု၊ Battery Charger ၅ ခု၊ Solor Conductor ၁ ခု၊ RPG ချိန်ဆိုဒ် ၂ ခု၊ ဆေးပစ္စည်း ၂ အိတ်၊ ဆန်အိတ် ၅၅ အိတ်၊ ကြက်သွန်ဖြူ ၁၅ အိတ်၊ ရွှေဖီဦးအထုပ်ကြီး ၁၄ အိတ်၊ Starlink ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်ဟာ မကွေးတိုင်း ပေါက်မြို့နယ်ရှိ ကပစ- ၂၄၊ လောင်ရှည်အခြေစိုက် ကပစ- ၂၅ နဲ့ စေတုတ္တရာမြို့နယ်အခြေစိုက် ကပစ- ၂၁ တို့က စစ်ကြောင်းတွေဖြန့်ပြီး ဆောကို စစ်ကြောင်းထိုးနေကြတာဖြစ်ပြီး အဲဒီကနေတဆင့် ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

လက်ရှိမှာလည်း မကွေးတိုင်း ဆောမြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်တို့မှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ နေ့တိုင်း ပြင်းထန်နေကြတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013