DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ ရွာသားများ ထွက်ပြေး
DVB
·
September 26, 2022
ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ ရွာသားများ ထွက်ပြေး
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မညင်းတောင်ကျေးရွာကို စက်တင်ဘာ ၂၆ ရက် မနက်က ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြမ်းဖက်ပစ်ခတ်ခဲ့လို့ ရွာသူရွာသားတွေ အားလုံး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။

မညင်းတောင်ကျေးရွာဟာ အိမ်ခြေ ၇၀ လူဦးရေ ၄၀၀ ​ကျော် နေထိုင်နေကြတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ ဘေးရန်ကြောင့် ဘေးလွတ်ရာအနီးအနား​ ကျေးရွာတွေဆီ ထွက်ပြေးသွားခဲ့ကြတာပါ။

ဒေသခံရွာသားတဦးက “စစ်တပ်ဝင်လာတာနဲ့ ရွာအရှေ့ဘက်တောင်တန်းကို လက်နက်ကြီး လက်နက်ငယ်နဲ့ အဆက်မပြတ် ပစ်ဝင်လာကြတာ။ ရွာသူရွာသားတွေလည်း ကြောက်လို့ ထွက်ပြေးလာကြတယ်”လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးရွာတွေကို အခုလို ပစ်ခတ်နေတာဟာ အေအေတပ်သားတွေ ရွာတွေမှာ ရှိနေတယ်ထင်ပြီး လုပ်ဆောင်နေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က တောတောင်ထဲမှာ အေအေတပ်သားတွေကို မရှာကြတော့ဘူး။ သွားရှာရင်လည်း သူတို့ပဲ သေကြတာဆိုတော့ အခုရွာတွေကို စစ်ကြောင်းထိုးပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဘေး ပတ်ဝန်းကျင်ကို ပစ်ခတ်ပြီး စီးနင်းလာနေတာ။ အေအေတပ်ဖွဲ့တွေရွာမှာ ရှိနေတယ်ထင်ပြီး အခုလို လုပ်ဆောင်နေကြတာ။ အမှန်တိုက်ပွဲဖြစ်ချင်ရင် တောထဲသွားကြပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကလည်း  ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ကျောက်တန်းတိုက်နယ် အတွင်းရှိ မညင်းတောင်ကျေးရွာမှာ  ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013