DVB Logo
Home
မြန်မာသတင်း
နောင်ချိုနှင့် ကျိုင်းတုံတွင် ယာဉ်တိုက်မှုဖြစ်ပြီး ရဲ ၂ ဦးအပါအဝင် ၃ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
DVB
·
September 26, 2022
နောင်ချိုနှင့် ကျိုင်းတုံတွင် ယာဉ်တိုက်မှုဖြစ်ပြီး  ရဲ ၂ ဦးအပါအဝင် ၃ ဦးသေဆုံး၊   ၅ ဦးဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နဲ့ ကျိုင်းတုံမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက  မတော်တဆ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်တွေ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်  ၂ ဦးအပါအဝင်  ၃  ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က နောင်ချိုဘက်ကလာတဲ့ အနက်ရောင်အိမ်စီးကား တစီးဟာ ဘန့်ဘွေးရွာအရောက် တဘက်လမ်းကြောင်းကို တိမ်းချော်သွားပြီး ပြင်ဦးလွင်ကလာတဲ့ စစ်ကားတစီးနဲ့ မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် အိမ်စီးကားပေါ်ပါလာတဲ့ ရဲအုပ်တဦးနဲ့ ရဲမေ  တဦး သေဆုံး၊  သုံး ဦး ဒဏ်ရာရခဲ့တယ်လို့ သွားရောက်ကူညီပေးသူတွေထံကသိရပါတယ်။ 

ဘန့်ဘွေးကရုဏာ (အခမဲ့) လူမှုကူညီရေးအသင်း တာဝန်ရှိသူ တဦးက“အိမ်စီးကားနဲ့ စစ်ကားနဲ့ တိုက်မိတာပါခင်ဗျ။ သိရတာတော့ အိမ်စီးကားမှာ ရဲအုပ်အောင်ချိုလင်းဆိုသူက မောင်းလာတယ်။ သူကအိပ်ငိုက်ပြီး ကားက တဘက်လမ်းကြောင်းကို ရောက်သွားတယ်။ အဲဒီမှာ အရှေ့က အရှိန်နဲ့လာတဲ့ စစ်ကားနဲ့တိုက် သွားတာ။ ရဲအုပ်က အဲဒီနေရာမှာ ပွဲချင်းပြီးသေဆုံးတယ်။ သူ့ဘေးနားထိုင်ပြီး လိုက်လာတဲ့ နှင်းဝတ်ရည်ဝင်း ဆိုတဲ့ ရဲမေက ကျနော်တို့ဆေးရုံကို သယ်သွားတုန်းလမ်းခုလတ်မှာ ဆုံးသွားပါတယ်ခင်ဗျ။ ကျန်တဲ့ ဒဏ်ရာရသူ သုံးဦးကတော့ ရဲအုပ်မိန်းမနဲ့ သူ့သားလေး နှစ်ယောက်ပေါ့။ သူတို့ကို ပြင်ဦးလွင်ပြည်သူ့ ဆေးရုံ ပို့ပေးခဲ့ပါတယ်။” 

သေဆုံးသွားတဲ့ ရဲအုပ် အောင်ချိုလင်းဟာ အသက် ၄၃ နှစ်ရှိပြီး ရဲမေ နှင်းဝတ်ရည်ဝင်းက အသက် ၂၅ နှစ်ခန့်ရှိကာ ကျောက်မဲရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူတွေလို့ ဆိုပါတယ်။ 

ယာဉ်တိုက်မှုကြောင့် သူတို့စီးလာတဲ့ကား လုံးဝပျက်စီးသွားပြီး စစ်ကားဘက်ကလည်း ကားခေါင်းပျက်စီးသွားပြီး သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။

နောက်ထပ် ယာဉ်မတော်တဆထိခိုက်မှုတစ်ခုကတော့  ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ- တာချီ လိတ်သွား ကားလမ်းမပေါ်မှာဖြစ်ပွားခဲ့တာပါ။ 

စက်တင်ဘာ ၂၅ ရက်  ညနေ ၄ နာရီခွဲလောက်က ကျိုင်းတုံမြို့နယ် ပန်လော့အထက်ရွာအနီးမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားတယ်လို့ သတင်းရလို့  သွားရောက်ကူညီပေးခဲ့တယ်လို့ တိုင်းနေနာရေးကူညီမှုအသင်း(ကျိုင်းတုံ)က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။ 

အခင်းဖြစ်ပွါးတဲ့နေရာဟာ ပန်ကွဲတောင်အဆင်းမှာဖြစ်ပြီး ကားပေါ်ပါလာသူ  သုံးဦးအနက် အမျိုးသား တဦး ပွဲချင်းပြီးသေဆုံးကာကျန် နှစ်ဦးထိခိုက်ဒဏ်ရာရပြီး ကျိုင်းတုံပြည်သူ့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ‌ဆိုပါတယ်။

ပန်ကွဲတောင်မှာ ကျိုင်းတုံအရှေ့ဘက် ၁၅ မိုင်အကွာ တာချီလိတ်သွားကားလမ်းမကြီး ပေါ်မှာတည်ရှိပြီး တောင်အဆင်းလမ်းမှာ ယာဉ်တိမ်းမှောက်မှာ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ ကျိုင်းတုံဒေသခံက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013