DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ကျဆုံးသူ ၃၉ ဦးအထိရှိလာ
DVB
·
September 26, 2022
တိုက်ပွဲကြောင့် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ကျဆုံးသူ ၃၉ ဦးအထိရှိလာ
Donate to DVB

စက်တင်ဘာ ၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ တိုက်ပွဲတွေမှာ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF) မှ ရဲဘော် ၄ ဦးကျဆုံးခဲ့ရပြီလို့  DMO-Local PDF ကထုတ်ပြန်ပါတယ်။

ကရင်နီ (ကယား) ပြည်နယ် ဒီးမောဆိုပြည်သူ့ကာကွယ်ရေးတပ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ၁၅၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်အထိ တပ်ဖွဲ့ဝင် ၃၅ ဦး ကျဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။

အခုစက်တင်ဘာ ၉ ရက်နေ့ ကနေ ၂၅ ရက်အထိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာလည်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ထပ်မံကျဆုံးသွားခဲ့ရတဲ့တွက် ကျဆုံးသူ ၃၉ ဦး ရှိလာတာပါ။

ကျဆုံးသူအများစုဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်လိုက်မှုနဲ့ လက်နက်ကြီးကျည်စ ထိမှန်တာကြောင့် ကျဆုံးသွားရတာလို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ရဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်ဘော်လုံးက ပြောပါတယ်။

“တိုက်ပွဲကတော့ ဒီးမော့ဆိုတိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးမှုက အများစုဖြစ်သွားတာပေါ့နော်။ ထိခိုက်ကျဆုံးရတဲ့ အကြောင်းအရင်းကတော့ လက်နက်ကြီးတွေနဲ့ ဒီလိုရင်ဆိုင်တိုက်ပွဲဖြစ်လို့ အပြန်အလှန်ဖြစ်လို့ အနည်းစုလောက်ပဲရှိတယ်။ ၄၀ ရာခိုင်နှုန်းလောက်ပေါ့နော်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက လက်နက်ကြီးတွေကြောင့်ရယ်၊ လေယာဉ် ပစ်ခတ်မှုကြောင့် ကျဆုံးသွားရတာ များတယ်။”

ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် အသက်ပေးခဲ့ရသော ရဲဘော်တွေကို အလေးနီပြုရင်း ပြည်သူ့သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ကျဆုံးမှုတွေစာရင်းကို အခုလို ထုတ်ပြန်လာပေမယ့် စစ်ကောင်စီဘက်ကတော့ တပ်ဖွဲ့ဝင် ဘယ်လောက်ထိခိုက်ကျဆုံးလဲဆိုတာ ထုတ်ပြန်တာမရှိပါဘူး။

မြေပြင်တိုက်ပွဲရဲ့ သတင်းပေးပို့ချက်အရ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကနေ ၅၀၀ အကြား ကျဆုံးနိုင်တယ်လို့ ဗိုလ်ဘော်လုံးက ပြောပါတယ်။

“တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ အဓိက သူတို့ရဲ့ အချက်အလက်တွေကို ကျနော်တို့ ယူပြီး‌တော့ သွားရတာပေါ့လေ။ အထိအကျရယ်လို့တော့ ကျနော်တို့ မပြောနိုင်ဘူး။ ဒါပေမယ့် သူတို့ဆီကနေ တဆင့် ရလာတဲ့ အချက်အလက်တွေကိုပဲ ကျနော်တို့ အတည်ပြုရသလောက် ပြောရမယ်ဆိုရင်တော့ ၃၀၀ ကနေ ၅၀၀ လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ အတိအကျကိုတော့ ကျနော်တို့မှာလည်း ထုတ်ပြန်နိုင်ခြင်းတော့ မရှိဘူးဗျာ။”

စစ်အာဏသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစပြီး တနိုင်လုံးက ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ကရင်နီ (ကယား) ပြည်နယ်မှာတော့ စစ်ကောင်စီကို ၂၀၂၁ ခု မေလလယ်ကစပြီး လက်နက်ကိုင် ပြန်လည်ခုခံတော်လှန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။   

အဲဒီအချိန်ကနေ ဒီကနေ့အချိန်ထိ တိုက်ပွဲကြောင့် လူပေါင်း ၂ သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း မိုးဗြဲမှာ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အများအပြား ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသလို လူပေါင်းထောင်ချီ ထပ်မံထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013