DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် မောင်တော ပရဟိတကျောင်းက လူ ၄၀၀ ကျော်ပိတ်မိ၊ ကျောက်တော်ဂိတ်၌ စစ်ဆေးရေးတင်းကျပ်
DVB
·
September 25, 2022
တိုက်ပွဲကြောင့် မောင်တော ပရဟိတကျောင်းက လူ ၄၀၀ ကျော်ပိတ်မိ၊ ကျောက်တော်ဂိတ်၌ စစ်ဆေးရေးတင်းကျပ်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် နံ့သာတောင်ရွာ ပရဟိတကျောင်းက ဆရာ/ဆရာမတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေ ပိတ်မိ နေတယ်လို့ နံ့သာတောင်ပရဟိတကျောင်း ဆရာတော် ဦးစာရဏက မိန့်ပါတယ်။

“ကျောင်းသူ/ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေ တစ်စုံတရာ ထိခိုက်မှု မရှိရအောင် မောင်တော မြို့ပေါ်က အ.ထ.က(၂)ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ကြတာ။ သွားခွင့်တင်ထားတယ်။ ခွင့်ပြုချက် မရသေးဘူး။ ဒီနေ့မှာတော့ မိဘတွေက စိတ်မချလို့ သား/သမီးတွေကို လာခေါ်ကြတာရှိတယ်။"

ဆရာ/ဆရာမ ၂၀ ကျော် နဲ့ Grade 5 မှ Grade 11 အထိ ကျောင်းသူ/ကျောင်းသား ၅၀၀ ကျော် ရှိပြီး မောင်တောမြို့ပေါ် သွားခွင့်ရရှိဖို့ စစ်အာဏာပိုင်တွေဆီ တင်ပြထားပေမဲ့ ခွင့်ပြုချက် မရသေးသလို အခုလို လူ ၅၀၀ လောက် ပြန်ဖို့  ပို့ဆောင်ပေးမယ့် ကား အခက်အခဲရှိနေတယ်လို့ ဆရာတော်က မိန့်ပါတယ်။

စက်တင်ဘာ ၂၅ ရက်မှာတော့  မိဘတွေ ခေါ်ဆောင်သွားတဲ့ ကျောင်းသူ/ကျောင်းသား ၁၀၀ လောက်ရှိပြီး  ကျောင်းသူ/ကျောင်းသား ၄၀၀ ကျော် နဲ့ ဆရာ/ဆရာမ ၂၀ ကျော် ပိတ်မိနေသေးတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၄ ရက်က ကျောက်တော်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က အချိန်ကြာမြင့်စွာ စစ်ဆေး‌နေတာကြောင့် ခရီးသည်ကားနဲ့ ကုန်တင်ကား ၅၀ လောက် ၁ ရက်ကြာ ပိတ်မိနေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

ရန်ကုန်မှ စစ်တွေကို ဆင်းလာတဲ့ ခရီးသည် တဦးက "အခုဆို တရက် ကျော်နေပြီ မသွားရ သေးဘူး။ လူ တဦးချင်းစီကို စစ်နေတာ။ ဖုန်းတွေကို စစ်တယ်။ မှတ်ပုံတင်စစ်တယ်။ ဘယ်က လာတယ်။ ဘယ်ကို သွားမယ်။ ဘယ်မှာ နေတယ်။ စုံနေတာပဲ"လို့ ပြောပါတယ်။

အရင်က ရခိုင်မှ ပြည်ပဘက်ကို သွားမှသာ မှတ်ပုံတင် မဖြစ်မနေ စစ်ဆေးခံရတာ ဖြစ်ပြီး အခုအခါ ရန်ကုန်မှ ရခိုင်ရှိ မိမိနေရပ်ကို  ပြန်လာပါကလည်း မှတ်ပုံတင်အပြင် စစ်ဆေးမှုမျိုးစုံ ခံ နေရတာလို့ နေရပ်ပြန်ခရီးသည် တဦးက ဆိုပါတယ်။

စစ်ကောင်စီက စစ်တွေ-အမ်းကားလမ်းမကြီးတလျောက် စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ကာ ခရီးသွားတွေကို စစ်ဆေးနေသလို ရေလမ်းကြောင်းခရီးတွေမှာလည်း ဌာနဆိုင်ရာပေါင်းစုံက စစ်ဆေးနေပါတယ်။

ရခိုင်မှာ ၂၀၂၀ ခုနှစ်ကတည်းက စစ်ဆေးရေးဂိတ်တွေ တိုးချခဲ့ပေမဲ့ အခုလိုမျိုး စစ်ဆေးရေး မတင်းကျပ်ပဲ အခုနှစ် ဖေဖော်ဝါရီလကစလို စစ်ကောင်စီနဲ့ အေအေတို့ တကျော့ပြန်တိုက်ပွဲ ဖြစ် လာပြီးနောက် ပိုမိုတင်းကျပ်စွာ စစ်‌ဆေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013