DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် ပရဟိတသမား တဦးနှင့် အစ်ကိုဖြစ်သူတို့ကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
September 25, 2022
မြောက်ဦးတွင် ပရဟိတသမား တဦးနှင့် အစ်ကိုဖြစ်သူတို့ကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ပရဟိတသမား တယောက်နဲ့ အစ်ကိုဖြစ်သူကို စစ်ကောင်စီတပ်သားနဲ့ရဲတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

မြောက်ဦးမြို့ နန်းရိပ်ကရုဏာအောက်စီဂျင်အခမဲ့ကူညီရေးအဖွဲ့က ဘဏ္ဍာရေးမှူး ကိုသန်းထွန်းနဲ့ အစ်ကိုဖြစ်သူ ကိုကျော်သန်းနိုင်တို့ကို သူတို့ပိုင်တဲ့ ကျော်စက်ပစ္စည်းဆိုင်မှာ  ဒီနေ့ မနက် ၁၁ နာရီလောက် စစ်အုပ်စုက လာရောက် ဖမ်းဆီးသွားတာလို့ မြောက်ဦးမြို့ခံတဦးက ပြောပါတယ်။

“ပရဟိတသမားတွေနဲ့ လူထုကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနေတာပါ။ ပြည်သူတွေကို ရက္ခိုင့် တပ်တော်နဲ့ ဆက်စပ်တယ်လို့ ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး တရားစွဲ ထောင်ချနေတယ်။”

မြောက်ဦးမြို့အဝင်မှာ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းကလည်း စစ်ဘေးရှောင်တွေကို အကူညီပေးဖို့သွားတဲ့  ပရဟိတသမား ကိုအမ်းသားကြီးကို ခမရ ၅၄၀ တပ်ရင်းက သေနတ်နဲ့ ပစ်ခတ်ခဲ့ပေမဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော်တို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပြီးနောက် မြို့နယ်အများအပြားမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်တာ၊ ပရဟိတသမားနဲ့ ပြည်သူတွေကို ဖမ်းဆီးတာ၊ ခရီးသည်တင်နဲ့ ကုန်တင်ယာဥ်တွေကို ကုန်းလမ်း၊ရေလမ်း ပိတ်ဆို့တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013