DVB Logo
Home
မြန်မာသတင်း
အင်းပတ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်
DVB
·
September 24, 2022
အင်းပတ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ အင်းပတ်ကျေးရွာကို လာရောက်မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဒီနေ့မနက် ၉ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ ရေဦးမြို့ဘက်ကနေ့ အင်းပတ်ရွာကို ဒီနေ့မနက်အစောပိုင်း ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“မနက်လင်းအစောကြီး ရွာထဲဝင်လာတာ။ စစ် (-) တွေလာတယ်လို့ သိရတော့  ဘာမှမယူနိုင်ခဲ့ဘူး။ လူလွတ်ထွက်ပြေးရတယ်။ အဲလိုနဲ့ မနက်ခင်း ၉ နာရီလောက်ရောက်တော့ ရွာကို သူတို့မီးရှို့တယ်။ အဲလိုရွာကို မီးရှို့လို့  ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတော့တာပဲ။ ရွာသားတွေကတော့ ဘေးလွတ်ရာကို ရှောင်နိုင်ခဲ့တယ်” လို့ အင်းပတ်ရွာသားတဦးက ပြောပါတယ်။

အင်းပတ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ပထမအကြိမ်မှ နေအိမ်အလုံး‌ ၂၀၀၊ ဒုတိယအကြိမ် နေအိမ် ၇ လုံးနဲ့ အခု တတိယအကြိမ်မှာ နေအိမ် ၁၀ လုံး စုစုပေါင်း ၂၁၇ လုံး ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

အင်းပတ်ဒေသခံပြည်သူကာကွယ်ရေးတပ်ခေါင်းဆောင်တဦးက “တိုက်ပွဲက မနက် ၉ နာရီက တကြိမ်ဖြစ်တယ်။ အဲ့အကြိမ်က စစ် (-) ၃ကောင်သေတယ်။ နေ့လယ်ပိုင်းရောက်တော့ နောက်ထပ်တကြိမ်ဖြစ်တယ်။ အဲအကြိမ်ကတော့ စစ် (-) အသေးများတယ်။ ကျနော်တို့ဘက်က အဖွဲ့စုံသွားတာရယ်၊ အဝေးပစ်၊ ကျကွဲ၊ ဒရုန်း၊ မောင်းပြန် ရှိသလောက်နဲ့ တူမီးရှိတာ အကုန်ထုတ် တိုက်ကြတာဆိုတော့ စစ် (-) အသေ ‌၁၇ ကောင်အထိရှိသွားတယ်။ ကျနော်တို့ဘက်ကတော့ နယ်မြေကျွမ်းကျင်တာကို အသုံးချတိုက်ခိုက်နိုင်ခဲ့တယ်။ အဲတာကြောင့် လောလောဆယ်တော့ အသေပျောက်ရှိတယ်ဆိုတဲ့ သတင်း မကြားမိသေးဘူး” လို့ ပြောပါတယ်။

အခုတိုက်ပွဲမှာ ခင်ဦးဒေသခံ Local PDF၊ ခင်းဦးပကဖတပ်ရင်းတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ခင်ဦးဒေသခံပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

https://www.facebook.com/photo/?fbid=183103377551541&set=pcb.5799729160046169
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013