DVB Logo
Home
မြန်မာသတင်း
ပုလော၌ မူးယစ်ဆေးနှင့် စစ်ကောင်စီထုတ်ကုန်မဝင်ရောက်နိုင်ရေး KPDF စစ်ဆေးမည်
DVB
·
September 24, 2022
ပုလော၌ မူးယစ်ဆေးနှင့် စစ်ကောင်စီထုတ်ကုန်မဝင်ရောက်နိုင်ရေး KPDF စစ်ဆေးမည်
Donate to DVB

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီထုတ် ကုန်ပစ္စည်းတွေ KNU ထိန်းချုပ်နယ်မြေအတွင်း မဝင်ရောက်လာနိုင်စေဖို့ ဂိတ်ချ တားဆီးစစ်ဆေးမယ်လို့ Palaw KPDF အဖွဲ့က ထုတ်ပြန်ပါတယ်။

Palaw KPDF တာဝန်ရှိသူက “အဓိကက လူငယ်တွေကြား မူးရစ်ဆေးဝါး ပျံ့နှံ့လာလို့။ Palaw KPDF က KNU ထိန်းချူပ်နယ်​ မြေအတွင်းက ကျေးရွာတွေမှာ မူးရစ်ဆေးဝါးတွေကို အဓိကထားပြီး တိုက်ဖျက်လုပ်ဆောင်းတာ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက KNU ထိန်းချုပ်နယ်မြေမှာ မူးယစ်ဆေးဝါးများ ပျံ့နှံ့လာတာ စစ်ကောင်စီက ရောင်းဝယ်သူတွေကို မဖမ်းဆီးဘဲ တိုင်းရင်းသားလူငယ်တွေ၊ တော်လှန်ရေး အင်အားစုတွေကြားကို ပျံ့နှံ့အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာလို့ တာဝန်ရှိသူက ရှင်းပြပါတယ်။

ပြည်သူတွေအနေနဲ့ KNU ထိန်းချုပ်နယ်မြေထဲ ဂိတ်တွေကို ဖြတ်သန်းသွားလာရာမှာ ကားတံခါး မှန်ချ၊ ယာဉ်ကို အရှိန်လျှော့မောင်းနှင်ကာ တင်ဆောင်လာတဲ့ ပစ္စည်းနဲ့ ခရီးသည်တွေကို အဝေးက မြင်သာအောင် စီမံထားဖို့နဲ့ ဘယ်အဖွဲ့အစည်းမဆို စစ်ဆေးမှုကို ပူးပေါင်းပါဝင်ဖို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီစည်းကမ်းချက်တွေဟာ‌ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ ကရင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပုလော) လုပ်ငန်းစဉ်တွေအတွက် အလွန်အရေးပါလို့ ပြည်သူတွေအနေနဲ့ ကြည်ဖြူစွာ လိုက်နာ ဆောင်ရွက်ပေးဖို့နဲ့ ပျက်ကွက်ပါက ပျက်ကွက်သူရဲ့ တာဝန်သာဖြစ်တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013