DVB Logo
Home
မြန်မာသတင်း
စစ်တွေ၊ မေယုလမ်းရှိ အား/ကာပိုင် ဆိုင်ခန်းများကို စစ်ကောင်စီက ဖြိုဖျက်ခိုင်းသဖြင့် ဆိုင်ရှင်များ ထိခိုက်နစ်နာ
DVB
·
September 24, 2022
စစ်တွေ၊ မေယုလမ်းရှိ အား/ကာပိုင် ဆိုင်ခန်းများကို စစ်ကောင်စီက ဖြိုဖျက်ခိုင်းသဖြင့် ဆိုင်ရှင်များ ထိခိုက်နစ်နာ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မေယုလမ်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးရှိ အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် စျေးဆိုင်ခန်းများအားလုံးကို  တလအတွင်း ဖြိုဖျက်ဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေထံက  သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ အား/ကာ တာဝန်ရှိသူတွေက စက်တင်ဘာ ၂၃ ရက်က စျေးဆိုင်ခန်းပိုင်ရှင်တွေကို အစည်းအဝေးခေါ်ယူပြီး ဆိုင်ခန်းတွေ ဖြိုဖျက်ခိုင်းခဲ့တာဖြစ်ပြီး ကျပ်သိန်း ရာနဲ့ချီ ဆုံးရှုံးနစ်နာဖို့ရှိတယ်လို့ စျေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

စျေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက “စစ်တွေကို ရောက်လာတဲ့ စစ်ကောင်စီ အကြီးအကဲက အမိန့်ချခဲ့တယ်။ ဆိုင်ခန်းတွေကို မဖြစ်မနေဖြိုဖျက်ပေးရမယ်လို့ပြောတယ်။ ကျမတို့က ဒီဆိုင်ခန်းတွေကို သိန်းရာချီပေးပြီး ဝယ်ယူခဲ့ကြရတာ။ အား/ကာကိုလည်း လစာပေးရသေးတယ်။ အလွန် နစ်နာကြရမှာပါ။"လို့ ပြောပါတယ်။

စစ်တွေမြို့ မေယုလမ်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် မြေနေရာတွေမှာ  လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက စျေးဆိုင်ခန်းတွေကို  မြို့ခံတွေက ကိုယ့်ဖာသာဆောက် လုပ်ခဲ့ကြရတာဖြစ်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ရန်ပုံငွေအဖြစ် လစာငွေပေးသွင်းကာ ရောင်းချနေကြရတာလည်း ဖြစ်ပါတယ်။

စစ်တွေဒေသခံတဦးက "ဒီဆိုင်ခန်းတွေကို အရင်ကတည်းက ဖြိုခိုင်းနေတာဖြစ်တယ်။ ဒါပေမဲ့ ဆိုင်သည်တွေက သိန်းရာချီပေးဝယ်ထားကြရတာတွေရှိနေတော အား/ကာနဲ့ ညှိနှိုင်းပြီး မဖြိုရအောင် အပေးအယူလုပ်ကြိုးစားထားကြရတာ။ အခုကတော့ မရတောဘူး။ Luminous ဆိုင်က အရောင်းစာရေးမ (---)  မုဒိန်းကျင့် ဓားထိုးခံရတဲ့ သတင်းတွေက ကမ္ဘာ့မီဒီယာတွေအထိ ပျံ့နှံသွားတော့ စစ်ကောင်စီကမဖြစ်မနေ ဖြိုခိုင်းလိုက်တာ။"လို့ ပြောပါတယ်။

မေယုလမ်းမှာရှိတဲ့ အားကစားနှင့် ကာယပညာဦးစီးပိုင်မြေနေရာမှာ ဆောက်လုပ်ထားတဲ့ ဆိုင်ခန်းပေါင်း ၁၅ လောက်ရှိပါတယ်။ 

အရောင်းစာရေးမသေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံပေါ်ပေါက်နိုင်ရေး စစ်ကောင်စီကရော ရက္ခိုင့်တပ်တော်ကပါ စစ်ဆေးနေရာမှာ ရက္ခိုင့်တပ်တော်ဘက်က တရားခံဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားပါတယ်။

တရားခံဖြစ်သူဟာ အဆိုပါ ပလတ်စတစ်မျိုးစုံနဲ့ လူသုံးကုန်ပစ္စည်းရောင်းဝယ်ရေးဆိုင် Luminous ဆိုင်တာဝန်ခံ မျိုးမြင့်ဇော်ဖြစ်ကြောင်း အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပဥ္စမအကြိမ် သတင်းစာရှင်းလင်းပွဲမှဦ ပြောဆိုထားတာပါ။

စစ်ကောင်စီဘက်ကတော့ Luminousဆိုင်ပိုင်ရှင် လင်မယားကို စစ်ဆေးခဲ့ပေမဲ့ လက်ရှိ စစ်တွေမြို့ Luminous ဆိုင်ခန်းအနီးရှိ Sittwe Gas ဂတ်စ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မောင်မျိုးချစ်စိုးကို ဖမ်းဆီးကာ လူသတ်မှုပုဒ်မ ၃၀၂ နဲ့  စစ်တွေမြို့နယ် တရားရုံးမှာ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013