DVB Logo
Home
မြန်မာသတင်း
အောင်ဆန်းကွင်းရှေ့ရှိ ဆိုင်ခန်းများကို စစ်အာဏာရှင် ဖယ်ရှား
DVB
·
July 14, 2026
Photo: တီဇာစု
Photo: တီဇာစု
Donate to DVB

ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းကို နိုင်ငံတကာအဆင့်မီ အားကစားကွင်းအဖြစ် အဆင့်မြှင့်တင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကွင်းရှေ့က ဆိုင်ခန်းတွေကို စစ်အာဏာရှင်က ဖယ်ခိုင်းနေပြီလို့ ဆိုင်ခန်းဖွင့်ထားသူတွေထံက စုံစမ်းသိရပါတယ်။

ဇူလိုင်လဆန်းပိုင်းကစပြီး အောင်ဆန်းကွင်းရှေ့က ဆိုင်တွေကို စတင်ဖြိုဖျက်နေပြီး လကုန် အပြီးဖယ်ပေးရမယ်လို့ ဆိုပါတယ်။

အောင်ဆန်းကွင်းရှေ့ ဆိုင်ဖွင့်ထားသူတယောက်က “အောင်ဆန်းကွင်းကို အဆင့်မြှင့်တယ်ဆိုတာ အရင်အစိုးရလက်ထက်ကတည်းက ရှိတယ်။ ဒါပေမဲ့ အကောင်အထည် မပေါ်ခဲ့ဘူး။ အခုကျတော့ စီမံကိန်းတွေ စတော့မယ်ဆိုပြီး ပြောတယ်။ ကြိုလည်းမပြောဘူး။ မနက်ဖြန် ဖယ်ပေးရတော့မယ်ဆိုမှ ဒီနေ့လို ပြောတယ်။ နေရာအစားထိုးလည်း မပေးဘူး။ စည်ပင်ကို အခွန်ဆောင်ပြီးမှ ဒီနေရာမှာ ဆိုင်ဖွင့်တာလေ။ အနည်းဆုံးလေးတော့ ကြိုတင်အသိပေးပေါ့။ ​ပြီးတော့လည်း လကုန်အပြီး ဖယ်ပေးရမယ်။ စီမံကိန်းစရင် ဖယ်ပေးရမယ်ဆိုတာ သိပါတယ်။ ကြိုတော့ပြောလေ” လို့ ပြောပါတယ်။

ဒါ့အပြင် စီမံကိန်းပြီးစီးပါကလည်း နေရာပြန်ချမပေးတော့ဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့လယ်ရှိ အောင်ဆန်းအားကစားကွင်းကို ပရိသတ် ၂၅,၀၀၀ ဆန့်တဲ့ ကွင်းအဖြစ် အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်သွားမယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောကြားထားပါတယ်။

အရင်က အဆိုပါအားကစားကွင်းကို BAA (The Burma Athletics Association) လို့ ခေါ်ဆိုခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှာ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ အောင်ဆန်းအားကစားကွင်းလို့ အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအားကစားကွင်းကို ၁၉၀၈ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၉၁၀ ပြည့်နှစ်မှာ ပြီးစီးခဲ့ကာ ၁၉၆၁ ခုနှစ်ကနေ ၁၉၆၉ ခုနှစ်အထိ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013