DVB Logo
Home
မြန်မာသတင်း
တမူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို PDF တပ်က ကြားဖြတ်တိုက်ခိုက်
DVB
·
September 24, 2022
တမူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို PDF တပ်က ကြားဖြတ်တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ အောင်ဇေယျကားလမ်းပိုင်းမှာ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက တပ်အပြောင်းလဲပြုလုပ်မယ့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၁၂ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ တမူး PDF က ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ အောင်ဇေယျကျေးရွာဘက်ကို စစ်ကား ၆ စီးနဲ့အတူ အင်အား ၈၀ ကျော်နဲ့ ခြေလျင်ထွက်ခွာလာစဉ် တမူး PDF က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တနာရီလောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

People's Defence Force - Tamu တပ်ရင်း(၁) မှ တာဝန်ရှိသူတစ်ဦးက "အောင်ဇေယျဘက်က စခန်းတွေကို လူချိန်းဖို့လာတာသိရလို့ ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့တာပါ။ အပြန်လှန်ပစ်ခတ်မှုက  တနာရီလောက်ကြာတယ်။ လတ်တလောသိထားရတာကတော့ စကစဘက်က သေဆုံးစာရင်း ၁၂ ယောက်ပေါ့။ ဒါပေမယ့် မကဘူး။ ဒဏ်ရာအပြင်းထန်ရသွားသူတွေလည်းရှိတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကတော့ အထိခိုက်မရှိခဲ့ပါဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို အလောင်းတွေကို ပြန်သယ်သွားတာမရှိဘဲ အောင်ဇေယျကားလမ်းအနီးက တောထဲမှာပဲ မြုပ်နှံသွားကြတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီ တပ်တွေ သေဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

အဲဒီစစ်ဆင်ရေးကို စက်တင်ဘာ ၁၉ ရက်က တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ တမူး‌မြို့ တော်လှန်ရေးရဲဘော် နှစ်ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ "ကြယ်နှစ်ပွင့်စစ်ဆင်ရေး"လို့ အမည်ပေးထားကြောင်း တမူး PDF ထံက သိရပါတယ်။

စက်တင်ဘာ ၁၉ ရက်က တမူးမြို့အဝင် ၄ မိုင်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တမူး (ပကဖ)မှ ရဲဘော် ကိုလင်းယုန်နဲ့ ကျောင်းသားတပ်ဖွဲ့ ( BOS )မှ ကိုအာကာထက်တို့ ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013