DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် စျေးလာဝယ်သည့် စစ်သားတဦး ဓားထိုးအသတ်ခံရ
DVB
·
September 24, 2022
ကျောက်ဖြူတွင် စျေးလာဝယ်သည့် စစ်သားတဦး ဓားထိုးအသတ်ခံရ
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာ ကံကော်တောဘုရားအနီးမှာ စက်တင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက စျေးလာဝယ်တဲ့ စစ်ကောင်စီ တပ်သားတဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်သားရဲ့ နာမည်နဲ့ ရာထူးကို အတိအကျ မသိရသေးဘဲ ဂုံးချွိန်ကျေးရွာနဲ့ မလကျွန်းကျေးရွာအကြားမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က စစ်သားဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဒီနေ့မနက်ပိုင်းက စစ်သားတဦး စျေးဝယ်ပြီးအပြန်မှာ အသတ်ခံရတာကတော့ ဟုတ်ဗျာ။ သူက စျေးဝယ်ပြီး ဆိုင်ကယ်နဲ့ အပြန်မှာ ကံကော်တောဘုရား အနီးမှာ လူတစုက ဓားနဲ့ ထိုးသတ်သွားတာလို့သိရတယ်။ ဘယ်သူသတ်တယ်ဆိုတာတော့ မသိဘူး။ အဲဒီ စစ်သားက ဂုံးချွိန်ကျေးရွာနဲ့ မလကျွန်းကျေးရွာကြားမှာ တပ်စွဲနေတဲ့ စစ်တပ်ကဖြစ်တယ်။ သူနာမည်နဲ့ ရာထူးတော့မသိဘူး။ အခုကတော့ စစ်သားတွေက အဲဒီလမ်းပေါ်ကက အိမ်တွေကို ဝင်မွေပြီး လူတွေကို ဖမ်းဆီးစစ်နေတယ်၊ ဘယ်နှယောက်ဆိုတာတော့ မသိရသေးဘူး" လို့ ပြောပါတယ်။

ဓားထိုး အသတ်ခံလိုက်ရတဲ့ စစ်သားရဲ့ အလောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေ့လယ် ၂ နာရီလောက်မှာ လာရောက်ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ညကလည်း မလကျွန်ကျေးရွာက အသက်မပြည့်သေးတဲ့ လူငယ် ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က နယ်ထိန်း ဒုရဲအုပ်သိပ္ပံ သေနပ်နဲ့ ပစ်သတ်ခံခဲ့ရသလို ဇူလိုင် ၂၉ ရက်နေ့ကလည်း ကျောက်ဖြူ မြို့မရဲစခန်းက နယ်ထိန်း ဒုရဲအုပ် အုန်းကျော်ဌေး ရဲအချင်းချင်း ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013