DVB Logo
Home
မြန်မာသတင်း
ရေဖြူမြို့နယ်တွင် ရွာသား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး
DVB
·
September 23, 2022
ရေဖြူမြို့နယ်တွင် ရွာသား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ရေး-ထားဝယ် ကားလမ်းမပေါ်မှာရှိတဲ့ ရေဖြူမြို့နယ်၊ ညင်းထွေးရွာမှာ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက အသက် ၅၀ ဝန်းကျင် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းသွားပြီး ရေဖြူရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေဟာ ဦးစုငယ်၊ ဦးကျော်သိန်း၊ ဦးမောင်သန်း၊ ဒေါ်ကေဝိုင်နဲ့ ဒေါ်နှင်းမူတို့ ဖြစ်ပြီး ဒီနေ့ ညနေပိုင်းအထိ ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။

ရွာသားတယောက်က “အဖမ်းခံထားရသူတွေက သာမန်ရွာသားတွေပါပဲ။ ဘာဖြစ်လို့ ဖမ်းမှန်း မသိဘူး။ မနက်ကလည်း ဧည့်စာရင်းစစ်သလို ကွက်ကျားစစ်သွားတယ် ရွာထဲမှာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ညင်းထွေးရွာ တံတားအနီးမှာ ကား ၉ စီးပါ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံထားရပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

မိုင်းဆွဲခံရပြီးနောက် ရေး-ထားဝယ် ကားလမ်းတလျှောက် စစ်တပ်က ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ လမ်းအသုံးပြုတဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။

ရေဖြူမြို့နယ်မှာ အခုလအတွင်း စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲခံနေရပြီး ရေး-ထားဝယ်ကားလမ်းပိုင်းက ရွာတွေကိုလည်း စစ်တပ်က မကြာခဏ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေပါတယ်။

ကလုံးထာရွာမှာ လာရောက် အလုပ်လုပ်ကိုင်နေထိုင်တဲ့ အမျိုးသားတယောက်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်က ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ကလုံးထာရွာခံတယောက်ရဲ့ခြံမှာ ခြံစောင့်အလုပ်လုပ်ကိုင်သူ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမောင်မောင် ဆိုသူဖြစ်ပြီး စက်တင်ဘာ ၂၁ ရက် ညနေ ၅ နာရီလောက်က အသတ်ခံရလို့ ဆိုပါတယ်။

ရွာခံတယောက်က “အလောင်းက အဲဒီနေရာမှာပဲ ရှိသေးတယ်။ ဘယ်သူမှ ရွာထဲမဝင်ရဲဘူး” လို့  ပြောပါတယ်။

ကလုံးထာကို စက်တင်ဘာ ၂၀ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စတင်ဝင်ရောက်လာတာဖြစ်ပြီး ရွာသားတချို့ကို ဖမ်းဆီးစစ်ဆေးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၁ ရက်မှာ ကလုံးထာကို အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ ထပ်မံဝင်ရောက်လာပြီး ဦးမောင်မောင်ကို ဓားနဲ့ထိုးသတ်ခဲ့တဲ့အပြင် ရွာကို စစ်ကြောင်းဝင်တိုင်း အမြဲခေါ်သွားလေ့ရှိတဲ့ ရွာခံ စိုး (ခ) ကိုဘိုကျော်စိုး ဆိုသူကို ခေါ်ဆောင်သွားပြီး မနေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဦးမောင်မောင်ကို ဘာ့အတွက် သတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘဲ သေဆုံးသူအလောင်းကို ဒီနေ့မနက်ပိုင်းအထိ မယူရသေးဘူးလို့ သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် ည ၇ နာရီလောက်က ရေး-ထားဝယ်ကားလမ်းနဲ့ ကလုံးထာ ရွာအဝင်လမ်းထိပ်ရှိ ၄၀၇ တပ်ရင်းနဲ့ ကလုံးထာရွာလမ်းနဲ့ ရှမ်းလမ်းခေါ် ရေနက်ဆိပ်ကမ်းလမ်းဆုံအနီးရှိ ပိတောက်ကုန်းရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ဆေးရေးဂိတ် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013