DVB Logo
Home
မြန်မာသတင်း
ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်တွင်း လက်နက်တိုက် ပေါက်ကွဲပြီး မီးလောင်
DVB
·
September 22, 2022
ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်တွင်း လက်နက်တိုက် ပေါက်ကွဲပြီး မီးလောင်
Donate to DVB

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်တွင်း လက်နက်တိုက်  ဒီကနေ့ နေ့လယ် ၁ နာရီခွဲကစပြီး ပေါက်ကွဲမှုတွေဖြစ်ပေါ်ကာ မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက ဒီးမော့ဆိုမြို့တွင်းမှာ  ကရင်နီ ပူးပေါင်းတပ်တွေဖြစ်တဲ့ KNDF၊ KA၊ PDF တပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အဆမတန် ပစ်ခတ်နေတဲ့  ငွေတောင်အခြေစိုက် ၁၀၂ တပ်ရင်းထဲရှိ လက်နက်တိုက်တခု နေ့လယ် ၁ နာရီခွဲက ပေါက်ကွဲမှုတွေဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။

သူတို့တပ်အတွက် အရေးပါလှတဲ့ လက်နက်တိုက်ကို သူတို့တပ်သားထဲက စတင် မီးရှို့ခဲ့တာလို့ ယူဆရကြောင်းနဲ့ ကရင်နီပူးပေါင်းတပ်ဘက်လည်း မီးငြှိမ်းဖို့ကြိုးစားနေတဲ့ အဆိုပါ မီးလောင်နေတဲ့ လက်နက်တိုက်အနီး ထပ်ဆင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

“စစ်ကောင်စီတပ်က မီးငြိှမ်းဖို့ ကြိုးစားနေခဲ့သော်လည်း မိမိတို့ပူးပေါင်းတပ်များဘက်မှ တာဝေးပစ် လက်နက်ကြီးအချို့ အသုံးပြုကာ ထပ်မံပစ်ခတ်ခြင်းကြောင့် အဆိုပါ မီးလောင်ကျွမ်းနေသော လက်နက်တိုက်များမှာ အဆင့်ဆင့် အဆက်မပြတ်ပေါက်ကွဲကာ ညနေပိုင်းထိ မီးလောင်ကျွမ်းနေခဲ့ကာ ၎င်းတို့တပ်တွင်း၌လည်း အော်ဟစ်ဆူညံမှုများ ဖြစ်ပေါ်နေခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်နက်တိုက် မီးလောင်ကျွမ်းခဲ့တဲ့ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ရင်းဟာ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး နေ့စဉ်နီးပါး လူနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ တပ်ရင်းဖြစ်ကြောင်းလည်း ဆိုပါတယ်။

အခုချိန်မှာလည်း ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို နေထိုင်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013