DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် ဗြိတိသျှကိုလိုနီခေတ် ရှေးဟောင်းငွေဒင်္ဂါးပြား ၃၀၀ ခန့် တွေ့ရှိ
DVB
·
July 17, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဗြိတိသျှကိုလိုနီခေတ်က အသုံးပြုခဲ့တဲ့ ရှေးဟောင်းငွေသားဒင်္ဂါးပြား ၃၀၀ နီးပါး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရှေးဟောင်းငွေသားဒင်္ဂါးပြားတွေကို တွေ့ရှိခဲ့သူတွေကတော့ မြိုလူမျိုးတွေဖြစ်တဲ့ ကျောက်တော်မြို့နယ်၊ စပါးဆိပ်(ပီ)ရွာက ဦးထွန်းခိုင်နဲ့ သူ့ရဲ့မြေး မောင်ဆိုင်းရဲလင်းထိုက်တို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက်က သူတို့‌ဟာ နေအိမ်ခြံဝင်းအတွင်း အိမ်သာတွင်းတူးဖော်နေစဉ် ဗြိတိသျှကိုလိုနီခေတ်က အသုံးပြုခဲ့တဲ့ ရှေးဟောင်းငွေသားဒင်္ဂါးပြား ၂၉၂ ပြား ပါရှိတဲ့ မြေအိုးတလုံးကို တွေ့ရှိခဲ့ပြီး အဲဒီဒင်္ဂါးပြားတွေကို အာရက္ခတပ်တော်  (ULA/AA) ထံ အပ်နှံခဲ့ တယ်လို့ ULA/AA နဲ့ နီးစပ်တဲ့ ကျောက်တော်ဒေသခံ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“အိမ်သာတွင်းတူးဖို့ လုပ်နေတာမှာ မြေအိုးတလုံးကို တွေ့တယ်။ အိုးကိုဖွင့်လိုက်တော့ ငွေသား ဒင်္ဂါးပြားတွေကို တွေ့တယ်။ အဲဒါနဲ့ ULA/AA ကို အပ်ခဲ့တာ။”

လာရောက်အပ်နှံတဲ့ မြေးအဘိုး ၂ ယောက်ကို ULA/AA က တယောက်ကို ငွေကျပ် ၈၇ သိန်း ၆ သောင်းစီနဲ့ ဂုဏ်ပြုလွှာတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ကျောက်တော်ဒေသခံ ရွာသားတယောက်က ပြောပါတယ်။

“အတိုင်းမသိ ဝမ်းသာတာပေါ့။ ရှေးခေတ်ပစ္စည်းတွေက ဘယ်ချိန်မှာပဲဖြစ်ဖြစ် တန်ဖိုးရှိတယ်။ အခုလို ULA/AA ကို ပေးအပ်လိုက်တာ ကောင်းတယ်။ ငွေသားပြန်ပြီးရတာလည်း ဝမ်းသာစရာပေါ့။”

အဲဒီ ငွေသားဒင်္ဂါးတွေဟာ ၁၈၃၅ ခုနှစ်ကနေ ၁၉၁၃ ခုနှစ်အတွင်း အသုံးပြုခဲ့တဲ့ ငွေသားဒင်္ဂါးပြားတွေဖြစ်ပြီး William III၊ Queen Victoria နဲ့ Victoria Empress ခေတ်တွေက ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း ဒင်္ဂါးပြားတွေပေါ်မှာ ရေးသားထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် ရခိုင်ဒေသမှာ ရှေးဟောင်းအမွေအနှစ်တွေကို ဒေသခံတွေ တွေ့ရှိပြီး သက်ဆိုင်ရာ အဖွဲ့အစည်းထံ အပ်နှံခဲ့တဲ့ ဖြစ်စဉ်တွေဟာ အရင်ကလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013