DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များအတွက် ဂျပန်က UNHCR ကို ဒေါ်လာ ၃ သန်းခွဲ လှူဒါန်း
DVB
·
September 22, 2022
ရိုဟင်ဂျာဒုက္ခသည်များအတွက် ဂျပန်က  UNHCR ကို ဒေါ်လာ ၃ သန်းခွဲ လှူဒါန်း
Donate to DVB

မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက် ရည်ရွယ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာဌာန (UNHCR) ကို ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ပေးအပ်လှူဒါန်းလိုက်ပါတယ်။

အဲဒီအလှူငွေတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ကော့ခ်ဘဇားနဲ့ ဘာစန်ချာ ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေအတွက် အရေးကြီးတဲ့ သက်စောင့်လုပ်ငန်းတွေမှာ အသုံးပြုသွားဖို့ UNHCR နဲ့ ဂျပန်အစိုးရတို့ရဲ့ ကိုယ်စားလှယ်တွေက စက်တင်ဘာလ ၂၁ ရက် ဗုဒ္ဓဟူးနေ့မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း ဒါကာမြို့က ဂျပန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သဘောတူညီချက်အရ အဲဒီငွေတွေကို ကော့ခ်ဘဇားနဲ့ ဘာစန်ချာ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေအတွက် တရား(ဥပဒေ)ရေးနဲ့ ရပ်ရွာအခြေပြု ကာကွယ်ရေး၊ ကျန်းမားရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အာဟာရထောက်ပံ့ရေးနဲ့ အခြခံအသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ကူညီရေး အစရှိတဲ့ အခြေခံကျတဲ့ ကူညီရေးတွေမှာ  UNHCR က အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဘာစန်ချာဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အသက်ရှင်ရပ်တည်ရေး အထောက်အပံ့တွေရစေရေးအပြင် ကော့ခ်ဘဇားက ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးကို ပိုပြီးကောင်းမွန်တိုးတက်လာစေဖို့ မျှော်လင့်ချက်နဲ့ အခုလို ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ် နာအိုကီက ပြောပါတယ်။

ဆက်လက်ပြီး ရိုဟင်ဂျာဒုက္ခသည်ပြဿနာဟာ အခုဆိုရင် ၆ နှစ်အတွင်း ဝင်လာပြီဖြစ်ကြောင်း ဒုက္ခသည်တွေရဲ့ ဘဝလုံခြုံရေးနဲ့ တိုးတက်ရေးအတွက် ရန်ပုံငွေဆက်လက်ရရှိနေနိုင်ဖို့ အရေးကြီးပြီး မြန်မာနိုင်ငံကို တတ်နိုင်သမျှ စောစောပြန်ပို့နိုင်ရေးအတွက်လည်း အဘက်ဘက်က ကြိုးစားနေရမှာ ဖြစ်ကြောင်း ပြောပါတယ်။

လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာပြီး ဒီပြဿနာအတွက် အဖြေရှိလာလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဂျပန်နိုင်ငံဟာ ရိုဟင်ဂျာအရေးမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်လို့လည်း သူက ပြောပါတယ်။

ဘာစန်ချာကျွန်းပေါ်က ရိုဟင်ဂျာဒုက္ခသည်စခန်းအတွက် ထောက်ပံ့ကူညီတာ ဂျပန်နိုင်ငံက ပထမဆုံးဖြစ်ပြီး အခုလိုလှူဒါန်းတာကြောင့် ဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ အခြေခံဝန်ဆောင်မှု ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်တော့မှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ UNHCR ကိုယ်စားလှယ်က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ရန်ပုံငွေမလောက်ငတဲ့ ကမ္ဘာ့လူမှုကူညီရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်ပြီး ဂျပန်ရဲ့ ထောက်ပံ့ကူညီမှုကို တကယ်လိုအပ်နေချိန်မှာ ရရှိခဲ့တာဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်မှာ အရေးပေါ်အခြေအနေနဲ့ စတင်ကြုံတွေ့ခဲ့ရချိန်ကနေစပြီး ဂျပန်နိုင်ငံဟာ ရိုဟင်ဂျာအရေးအတွက်  မဆုတ်မနစ် ကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ဌာနအပြင် တခြားကုလသမဂ္ဂအေဂျင်စီတွေနဲ့ အန်ဂျီအိုတွေအတွက် ဂျပန်နိုင်ငံကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013