DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို မီတာခမဆောင်သဖြင့် လျှပ်စစ်မီးဖြတ်
DVB
·
September 22, 2022
မိုးကုတ်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို မီတာခမဆောင်သဖြင့် လျှပ်စစ်မီးဖြတ်
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းက ကျောက်ပြဿဒ်ရွာ၊ ဘောလုံးကြီးရွာနဲ့ ဆင်ခွာရွာတွေကို မီတာမဆောင်တာကြောင့်လို့ဆိုပြီး စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်မီတာရုံးက မီးဖြတ်တာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲကြုံနေတယ်လို့ ​ကျေးရွာဒေသခံတွေက ပြောပါတယ်။

ကျေးရွာတွေအတွင်းမှာ ဒေသအာဏာပိုင်တွေက အစည်းဝေးခေါ်ပြီး မီတာဆောင်ဖို့နဲ့ မီတာမဆောင်တဲ့အိမ်ရှိရင် မီးဖြတ်မယ်လို့ဆိုကာ စက်တင်ဘာ ၂၀ ရက်နေ့ကစတင် မီးဖြတ်သွားတယ်လို့ ကျေးရွာ​ဒေသခံတစ်ဦးက​ ပြောပါတယ်။ 

ဘောလုံးကြီးကျေးရွာက မီတာဖိုး ကျပ်သိန်း ၃၀၀ ကျော်  အကြွေးကျန်နေတာကြောင့် မီတာဆောင်ဖို့ တစ်အိမ်ကိုပျှမ်းမျှ ကျပ် ၁၂၀၀၀၀ ဆောင်ခိုင်းနေပြီးအကုန်လုံးမီတာဆောင်မှ မီးပြန်ပေးမယ်လို့ ပြောတဲ့အကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ဘောလုံးကြီးကျေးရွာသား တစ်ဦးက “အခုက မီးဘာမှမသုံးလည်း ပျမ်းမျှ တစ်အိမ်ကို တစ်သိန်းနှစ်သောင်း ပေးခိုင်းတယ်။ သူများသူဌေးအိမ်တွေလို  အများကြီးမသုံးဘဲ တစ်သိန်းကျော် ပေးရတယ်ဆိုတော့ ဘယ်သူမှ မတတ်နိုင်ကြဘူး။ မနေ့ကမှ မီတာဘောက် မီးရတယ်၊ ဒီနေ့ တစ်သိန်းနှစ်သောင်း ဆောင်ရတဲ့အိမ်တွေကျ မတရားတော့ဘူးလေ။ သူတို့က မီတာစာရွက်နဲ့ လာမတောင်းဘူး။ တအိမ်ဘယ်လောက်ဆိုပြီး လာတောင်းတာ"လို့ ပြောပါတယ်။

ဘောလုံးကြီးကျေးရွာအတွင်း နေထိုင်သူတွေအနေနဲ့ လျှပ်စစ်မီးကို မီးလင်းရုံထွန်းတဲ့နေအိမ်တွေအတွက် မီတာခစျေးများနေတာကြောင့် မီတာမဆောင်ကြသူ တွေရှိသလို ပြဿနာတက်မှာစိုးတာကြောင့်မီတာခဆောင်သူတွေလည်း ရှိပါတယ်။ 

ရွာသားတဦးက “အခုက ရှာစားဖို့တောင်မလွယ်ဘူး။ မီတာခ တစ်သိန်းနှစ်သောင်းက မတတ်နိုင်ဘူး။ မတတ်နိုင်တဲ့အိမ်က မပေးနိုင်တော့ မီးက ဖြတ်ခံရတယ်။ အခုထိလည်းမီး မလာဘူး။ အရင်ခေတ်ကို ပြန်​ရောက်သွားတာပါပဲ။ စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေရတာကြောင့် မဆောင်နိုင်ကြသူတွေ များတယ်”လို့ ပြောပါတယ်။ 

မိုးကုတ်မြို့အနောက်ပိုင်းက အဆိုပါကျေးရွာသုံးရွာကို မီးဖြတ်ထားတာ ၂ ရက်ရှိပြီဖြစ်ပြီး စက်တင်ဘာလအစပိုင်းတုန်းက သစ်စိမ့်ကုန်းကျေးရွာကိုလည်း မီတာမဆောင်တာကြောင့် စံပြအနေနဲ့ လျှပ်စစ်မီးပေးတဲ့ ထရန်စဖော်မာအိုးက ဖျူးစ်ကို လျှပ်စစ်ဌာနက ဖြုတ်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013