DVB Logo
Home
မြန်မာသတင်း
မောင်တော၌ စစ်ဘေးရှောင် ကျောင်းသူကျောင်းသား ၃၀၀ ကျော် အကူအညီလိုအပ်နေ
DVB
·
September 21, 2022
မောင်တော၌ စစ်ဘေးရှောင် ကျောင်းသူကျောင်းသား ၃၀၀ ကျော် အကူအညီလိုအပ်နေ
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မောင်တောမြို့ပေါ်ကို နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် ၃၀၀ ကျော်လောက် ပညာသင်ကြားနိုင်ရေး အကူအညီတွေ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကျောင်းသူကျောင်းသားများအရေး ဆောင်ရွက်ပေးနေတဲ့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

စစ်ဘေးရှောင် ကျောင်းသူ ကျောင်းသားများအရေး ဆောင်ရွက်ပေးနေတဲ့ ဆရာတယောက်က “မောင်တောမြို့ပေါ်ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ကျောင်းသူ ကျောင်းသား ဦးရေ ၃၀၀ လောက်ရှိပါတယ်။ သူတို့မှာ ရွာကထွက်ပြေးလာကြတော့ စာအုပ်စာတမ်းကအစ ဘာမှ ပါမလာကြပါဘူး။ အလှူရှင်တွေ လှူဒါန်းပေးလာတာတွေကို ကျနော်တို့က စစ်ဘေးရှောင် ကျောင်းသူ ကျောင်းသားတွေကို ထပ်ဆင့်ပေးနေကြရတာပါ။ လိုအပ်တာတွေကတော့ အများကြီးပါ” လို့ ပြောပါတယ်။

သြဂုတ်လနောက်ပိုင်းကစပြီး ရက္ခိုင်တပ်တော်(အေအေ)က စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းတွေကို သိမ်းယူတာတွေ ရှိလာတဲ့အတွက် စစ်ကောင်စီတပ်က စခန်းပြန်လည်ရရှိရေးအတွက် စစ်ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်တာ၊ ကျေးရွာတွေအနီး ဗုံးကြဲတာတွေရှိတဲ့အတွက် မောင်တောမြောက်ပိုင်းမှာ ကျေးရွာ ၂၀ ကျော်ရှိ ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး မောင်တောမြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာကြရတာလည်း ဖြစ်ပါတယ်။

ထွက်ပြေးလာကြတဲ့ ကျေးရွာ ၂၀ ​ကျော်မှ လူဦးရေ ၁,၀၀၀ လောက်အထိရှိနေပြီး အဲဒီအထဲမှာ KG တန်းမှ Grade 11 အထိ စစ်ဘေးရှောင် ကျောင်းသူ ကျောင်းသား ၃၀၀ လောက်ကို မောင်တောမြို့ အ.ထ.က ၂ ရှိ စာသင်ဆောင်တွေမှာ အဲဒီကျေးရွာတွေက ထွက်ပြေးလာကြတဲ့ ဆရာ ဆရာမတွေက စာသင်ပေးနေတယ်လို့ ပညာရေးဌာနမှ တာဝန်ရှိသူတွေက ဆိုပါတယ်။

ပညာရေးဌာန တာဝန်ရှိသူတယောက်က “ကလေးတွေ ပညာသင်ယူမှု မဆုံးရှုံးရအောင် မောင်တောမြို့နယ်မြောက်ပိုင်းက မြို့ပေါ်ကို ထွက်ပြေးလာကြတဲ့ ဆရာ ဆရာမတွေကို အ.ထ.က ၂ က စာသင်ဆောင်တွေမှာ စစ်ဘေးရှောင် ကျောင်းသူ ကျောင်းသားတွေကို ပညာသင်ပြခိုင်းထားတယ်” လို့ ပြောပါတယ်။

မောင်တောမြောက်ပိုင်းမှ နေရပ်စွန်ခွာ ထွက်ပြေးလာကြတဲ့ ကျေးရွာတွေက ဖားဝပ်ချောင်း၊ အောင်သာယာ၊ အောင်မင်္ဂလာ၊ ကြိမ်ချောင်း၊ နံ့သာတောင်၊ မင်္ဂလာညွန့်၊ တောင်ပြို၊ အောင်သပြေ၊ ခမောင်းဆိပ်၊ လောင်းဒုံ၊ ရန်အောင်ပြင်၊ သာယာကုန်း၊ မင်းကြီးရွာ၊ အထက်ပြူးမ၊ တမန်းသား၊ မင်းခမောင်းနှင့် မီးတိုက် အစရှိတဲ့ ကျေးရွာ ၂၀ လောက်က ​KG တန်းမှ Grade 11 အထိ ကျောင်းသူ ကျောင်းသား ၃၀၀ လောက်ရှိနေပြီး အနာဂတ် ပညာသင်ယူရေးအတွက် အကူအညီတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013