DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ခင်ပွန်းဖြစ်သူ၏သတင်းပေးမှုကြောင့် CDMကျောင်းဆရာမ ၁ ဦး ဖမ်းဆီးခံရ
DVB
·
September 21, 2022
မြစ်ကြီးနားတွင် ခင်ပွန်းဖြစ်သူ၏သတင်းပေးမှုကြောင့် CDMကျောင်းဆရာမ ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ထီ၀န်းရပ်ကွက်မှာ ခင်ပွန်းဖြစ်သူရဲ့ သတင်းပေးမှုကြောင့် CDM ကျောင်းဆရာမတယောက်ကို  စစ်ကောင်စီက  စက်တင်ဘာ ၁၆ ရက် မနက်မှာ ဖမ်းဆီးခံရတယ်လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဆရာမနဲ့ နီးစပ်သူတဦးက “၁၆ ရက်မနက်ပိုင်းမှာ ဆရာမရဲ့ပုံကိုပြပြီး ရဲနဲ့စစ်သားတွေက လာမေးတယ်။ ဆရာမက ဖမ်းဆီးခံရတဲ့ညမှာ တခြားနေရာအိပ်လိုက်တာ။ အဲဒီနေရာထိ သူ့အမျိုးသားဖြစ်သူက သတင်း‌ပေးလိုက်‌လို့ ဖမ်းဆီးခံရတာပါ။ သူ့အမျိုးသား လမ်းညွှန်လိုက်တာ အဒေါ်ကိုယ်တိုင် မြင်တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ CDM ဆရာမဟာ ဒေါ်ချင်လိုင်ချန်ဆားရ် ဖြစ်ပြီး PDF တွေကို ရန်ပုံငွေရှာပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆရာမရဲ့မိတ်ဆွေက ပြောပါတယ်။

“သူ့အမျိုးသားက မြစ်ကြီးနား UG နှစ်ယောက် အဖမ်းခံရတုန်းကလည်း သူ သတင်းပေးလို့ ဖမ်းခံရတာပါ။ အခုလည်း အမျိုးသမီးဖြစ်သူကို ကိုယ်တိုင်ပုံရိုက်ပြီး ဖမ်းခိုင်း‌လိုက်တာ။ ဆရာမက CDM လုပ်ထားတာကလွဲပြီး အေးဆေးနေတဲ့သူတစ်ယောက်ပါ။”

မတရားဖမ်းဆီးခံရသူ CDM ဆရာမ‌ဒေါ်ချင်လိုင်ချန်ဆားရ်ဟာ လက်ရှိ ဘယ်မှာ ထိန်းသိမ်းခံနေရတယ် ဆိုတာ မသိရသေးသလို  မိသားစုနဲ့ ခုချိန်ထိ အဆက်သွယ်မရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013