DVB Logo
Home
မြန်မာသတင်း
စစ်တပ်က သတ်ဖြတ်မီးရှို့ခံရသည့် မြစ်ကြီးနားဒေသခံ လီဆူအမျိုးသားအပါအဝင် ကျဆုံးပြည်သူ ၂၂၉၉ ဦး ရှိလာ
DVB
·
September 20, 2022
စစ်တပ်က သတ်ဖြတ်မီးရှို့ခံရသည့် မြစ်ကြီးနားဒေသခံ လီဆူအမျိုးသားအပါအဝင် ကျဆုံးပြည်သူ ၂၂၉၉ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၉၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၅၈၀ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၄၄၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၁,၄၇၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၁၁၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၆၀ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့က ချင်းအဆိုတော်တယောက်ဖြစ်တဲ့ Mercy Ngun Tha Cin ကို အကြမ်းဖက်စစ်အုပ်စုတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်နွယ်တယ်လို့ စွပ်စွဲပြီး စက်တင်ဘာ ၁၈ ရက်မ နက် ၉ နာရီလောက်မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ Mercy Ngun Tha Cin ဟာ သူပိုင်ဆိုင်တဲ့ Cengkerh Collection ချင်းရိုးရာအထည်ဆိုင်မှာ ရောက်ရှိနေချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာ၊ ရပ်ကွက် ၂ မှာ နေထိုင်တဲ့ လီဆူအမျိုးသား ဦးလယ်မဒီးကို အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းက စက်တင်ဘာ ၁၈ ရက်ည ၉ နာရီလောက်မှာ ပစ် သတ်ခဲ့ပြီး ရုပ်အလောင်းကို မြစ်ကမ်းနံဘေးမှာ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ ဦးလယ်မဒီးဟာ သူ့ရဲ့ဝါးဖောင်ကို ကြည့်ရှုဖို့ မြစ်ဆိပ်ဘက်ကို သွားချိန် အိမ်အထွက်နားမှာ စစ်ကြောင်းနဲ့တိုးပြီး စစ်သားတွေက တားဆီးရာ ကြောက်လန့်ထွက်ပြေးတဲ့အချိန်မှာ ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013