DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်မြို့တွင် ဒေသခံ ၁ ဦးနှင့် ရဲသတင်းပေး ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
September 19, 2022
တောင်ကုတ်မြို့တွင် ဒေသခံ ၁ ဦးနှင့် ရဲသတင်းပေး ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

ရခိုင်ပြည် တောင်ကုတ်မြို့က ဒေသခံ ၁ ဦးနဲ့ရဲသတင်းပေး ၂ ဦးကို စက်တင်ဘာ ၁၈ ရက်နေ့မနက်မှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။  

ဖမ်းဆီးခံလိုက်ရသူတွေကတော့ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်က ဦးထွန်းချစ်၊ တောင်ကုတ်မြို့ ဂူတာရပ်က ကိုဦးနဲ့ စိုးဝင်းချေတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ 

ဦးထွန်းချစ်ကို မနက် ၂ နာရီလောက်မှာ နေအိမ်ကနေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတာလို့ မိသားစုဝင်တယောက်က ပြောပါတယ်။ 

“ဖမ်းဆီးသွားတာက ဟုတ်ပါတယ်။ မနက် ၂ နာရီလောက်မှာ အိမ်ကိုလာပြီးတော့ စစ်သားနဲ့ ရဲသား အင်အား ၂၀ လောက်ပါတယ်။ နောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေပါတယ်။ အခုအချိန်အထိတော့ သူ့ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူး။ ရဲစခန်းကို သွားမေးတော့လည်း မရှိဘူးပြောတယ်။ ဖမ်းတဲ့အခါ ပါလာတဲ့ရပ်ကွက်က လူကြီးတွေ မေးတော့လည်း တခါတည်း ခေါ်သွားတယ်လို့ ပြောတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။”  

ဦးထွန်းချစ်ဟာ လက်သမားအလုပ် လုပ်ကိုင်နေသူတယောက်ဖြစ်ပြီး ရပ်ကွက်တွင်း သာရေးနာရေး အဖွဲ့တွေမှာ ပါဝင်လုပ်ကိုင်နေသူတယောက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

ဒါ့အပြင် နောက်ထပ်ဖမ်းဆီးခံလိုက်ရတဲ့ ကိုဦးနဲ့ စိုးဝင်ချေတို့ကတော့ ရှုထောင့်သတင်စုံဂျာနယ်မှာ လုပ်ကိုင်နေကြတဲ့ ရဲသတင်းပေးတွေလို့ ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်မြို့ခံတယောက်က “သူတို့ကို စစ်သားတွေက ဖမ်းဆီးသွားတာက ဟုတ်တယ်ဗျာ။ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာတော့ မသိဘူး။ ခမရ ၅၄၄ တပ်ရင်းဘက်ကို ခေါ်သွားတယ် လို့သိရတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ကိုဦးဆိုသူဟာ တောင်ကုတ်ခရိုင်အတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာက လုပ်ဆောင်ချက်တွေကို သူ့ရဲ့ Facebook အကောင့်ပေါ်မှာ ရေးသားလေ့ရှိပြီး ရဲအငြိမ်းစားတွေ စုပေါင်းတည်ထောင်ထားတဲ့ (ရှူထောင့်သတင်းစုံဂျာနယ်) မှာလည်း လုပ်ကိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တောင်ကုတ်မြို့မှာ စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီ  သင်္ဘောတစီးကို အေအေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013