DVB Logo
Home
မြန်မာသတင်း
ရေး-သဲဖြူဇရပ်ကားလမ်းပေါ်ရှိ ခလရ ၁၀၆ ကို YGF က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်
DVB
·
September 19, 2022
ရေး-သဲဖြူဇရပ်ကားလမ်းပေါ်ရှိ ခလရ ၁၀၆ ကို YGF က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်
Donate to DVB

မွန်ပြည်နယ် ရေး - သံဖြူဇရပ်ကားလမ်းပိုင်းက အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခလရ-၁၀၆ ကို စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီလောက်က ၄၀ မမ ဗုံးပစ်လောင်ချာနဲ့  ၂ ချက် ပစ်ခတ်ခဲ့တယ် လို့  ရေးပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YGF တာဝန်ရှိသူက ပြောပါတယ်။

“အဓိကတော့ တပ်ရင်းမှူး နေအိမ်ကို ပစ်တာ။ ပစ်တဲ့အချိန်မှာ တပ်က စစ်သားတွေ စုဝေးနေတဲ့ အချိန်ဖြစ်တော့ လူ ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်”

YGF ပြောက်ကျားတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုအပြီး စစ်တပ်က လက်နက်ကြီးနဲ့  ၄ ချက်လောက် ပြန်လည်ပစ်ခတ်ပေမဲ့ YGF အနေနဲ့ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

ဒေသခံ တဦးက “PDF တွေက ပစ်တယ်။ စစ်တပ်ဘက်ကလည်း ပြန်ပစ်တယ်။ လက်နက်ကြီး တွေက ဘယ်မှာ ထိမှန်ပြီး ကျတာ မသိရပေမဲ့ စိုးရိမ်ရတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ရေးပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တွေက စက်တင်ဘာ ၁၄ ရက် မနက်ကလည်း စစ်ကောင်စီတပ်ရင်း ၄ ခု ကြားကနေ နယ်မြေရှင်းလင်းရေး ပြုလုပ်သွားခဲ့ပြီး ရေး-သံဖြူဇရပ်ကားလမ်းက အာရှလမ်းမကြီးပေါ်က Mytel တိုင်ကို ပါဖျက်ဆီးခဲ့သလို ခရီးသွား ကားတွေကို စစ်ဆေးရေးလုပ်တယ် ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရေး-သံဖြူဇရပ်ကားလမ်းနေရာမှာ PDF တွေရဲ့ မကြာခဏဆိုသလို ချုံခို တိုက်ခိုက်တာခံရလေ့ရှိပြီးစစ်တပ်ဘက်က အထိအခိုက် အကျအဆုံး များပြားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013