DVB Logo
Home
စိုက်ပျိုးရေး/တောင်သူလယ်သမား
ဂေါ်ဖီဈေးကျသဖြင့် တောင်သူများ အရှုံးပေါ်ပြီး အခင်းလိုက်ဖျက်ဆီး
DVB
·
May 24, 2026
Photo : Aye Aye Lin
Photo : Aye Aye Lin
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းကထွက်တဲ့ ဂေါ်ဖီတွေ အခုနှစ်မှာ ဈေးမကောင်းတော့လို့ တောင်သူတွေ အရှုံးပေါ်နေကြပြီး တချို့ဆို ဂေါ်ဖီခင်းတွေကို ဖျက်ဆီးပစ်နေတယ်လို့ သိရပါတယ်။

ပင်းတယ၊ ရွာငံ၊ ပင်‌လောင်း၊ တီကျစ်က တောင်သူတွေဟာ ဂေါ်ဖီတွေကို အောင်ပန်းအထိ သွားရောင်းရပြီး လမ်းပန်းဆက်သွယ်ရေး ခက်တာအပြင် လမ်းကြေး၊ ကားခ၊ ဆီဖိုးတွေ များလွန်းတာကြောင့် အမြတ်မကျန်ဘူးလို့ ပြောပါတယ်။

ဂေါ်ဖီစိုက်တောင်သူတယောက်က “အောင်ပန်းထိ သွားရောင်းရင် လမ်းစရိတ်များတယ်။ ဆီဖိုး၊ ကားခ၊ လမ်းကြေးတွေနဲ့ဆို မကိုက်တော့ဘူး။ ရွာထဲလာဝယ်တဲ့ ပွဲစားတွေကလည်း တထုပ် ၃၀၀ ကျပ်ပဲ ပေးတော့ စိုက်စရိတ်တောင် မရတော့ဘူး။ ရင်နာလွန်းလို့ စိုက်ထားတဲ့ဟာ အကုန်ပြန်ဖျက်တယ်။ ရောင်းလည်း မရောင်းဘူး” လို့ ပြောပါတယ်။

မျိုးစေ့ဖိုး၊ မြေဩဇာဖိုးနဲ့ အလုပ်သမားခတွေ တက်နေတဲ့အချိန်မှာ ဂေါ်ဖီဈေး ကျသွားတာကြောင့် တောင်သူတွေ ပိုပြီး အခက်တွေ့နေကြတာပါ။

မနှစ်ကတော့ ဂေါ်ဖီတထုပ်ကို ကျပ် ၃,၀၀၀ အထိရခဲ့ပြီး ဒီနှစ်မှာတော့ အခင်းမှာ လာဝယ်ရင် တထုပ်ကို ၃၀၀ ကျပ်၊ အောင်ပန်းက ပွဲရုံမှာ ၁,၃၀၀ ကျပ်ပဲရတာကြောင့် တချို့ဆိုရင် နောက်နှစ် ဆက်မစိုက်တော့ဖို့ စဉ်းစားနေကြပြီး တချို့ကတော့ ရိတ်သိမ်းရင်တောင် မတန်တော့လို့ သီးနှံတွေကို ခုတ်ဖြတ်ပစ်နေကြရတယ်လို့ သိရပါတယ်။

ဒေသခံတောင်သူတယောက်က “အခုက စိုက်စရိတ်တွေ အကုန်တက်နေတယ်။ မျိုးစေ့ဖိုး၊ မြေဩဇာဖိုး၊ အလုပ်သမားခတွေပါ အရင်ထက်ပိုကုန်တယ်။ စိုက်တုန်းကတော့ ဈေးကောင်းရမယ်ထင်ပြီး စိုက်ထားတာ၊ အခု ရောင်းချိန်ရောက်တော့ ဈေးမရှိတော့ဘူး။ ဒီလိုသာဆို နောက်နှစ် ဆက်စိုက်ဖို့တောင် မရဲတော့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း ဟဲဟိုး၊ အောင်ပန်း၊ တီကျစ် စတဲ့ ဒေသတွေကထွက်တဲ့ ပန်းဂေါ်ဖီတွေ ဈေးကျသွားတာကြောင့် ဝယ်သူမရှိတော့တဲ့အတွက် တောင်သူတွေဟာ လမ်းဘေးမှာ လွှင့်ပစ်ခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013