DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်၌ KIA၊ PDF ပူး‌ပေါင်းတပ်နှင့် SNA တပ်တို့ တိုက်ပွဲဖြစ်ပွား
DVB
·
September 19, 2022
ဗန်းမောက်မြို့နယ်၌ KIA၊ PDF ပူး‌ပေါင်းတပ်နှင့် SNA တပ်တို့ တိုက်ပွဲဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ကျောက်ဆည်ရွာအနီး တကြိမ်နဲ့ ညနေပိုင်းမှာ နောင်ပါတ်ကျေးရွာအနီး တကြိမ် တရက်တည်း တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က သာလွန်အင်အား နဲ့ တိုက်ခိုက်နေကြတာဖြစ်ပြီး ဗန်းမောက်မြို့နယ် အနောက်ပိုင်း ကျောက်ဆည်ကျေးရွာအနီးမှာလည်း နေ့လယ်ပိုင်း တိုက်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"PDF ဘက်က အင်အားအ‌ တော်များတယ်၊ ထိခိုက်ကျဆုံးအ‌ခြေအနေက‌တော့ မသိရသေးဘူး။ ဒီနေ့ နောင်ပတ်ရွာနားမှာတပွဲ၊ ကျောက်ဆည်ရွာနားမှာတပွဲ၊ တရက်တည်း နှစ်ပွဲဖြစ်တာ။ တိုက်ပွဲက ဆက်မယ့် အနေအထားရှိလို့ အနီးနားကရွာတွေ ဘေးလွတ်ရာရှောင်ဖို့ ပြင်ဆင်နေကြပြီ၊ တချို့လည်း ပြေးကုန်ကြပြီ။ ဗန်းမောက်နယ် တောင်ပိုင်းကလည်း တချို့ပြေးကုန်ကြပြီ" လို့ တိုက်ပွဲနဲ့နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။

နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

တိုက်ပွဲဖြစ်ပွားရာ ဒေသဘက်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် အခြေအနေသိရှိနိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ကျောက်ဆည်ရွာအနီးရှိ ကျေးရွာတချို့မှာလည်း နှစ်ဖက်တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေကြပြီး တိုက်ပွဲဖြစ်ပွားလာမှာ စိုးရိမ်နေကြပါတယ်။

လူအင်အားဖြည်တင်းနိုင်ဖို့ တပ်သားသစ်စုဆောင်း ခေါ်ယူတာတွေရှိနေတယ်လို့ နှစ်ဖွဲ့လုံးက တဖက်နဲ့ တဖက် လူမှုကွန်ရက် အွန်လိုင်းစာမျက်နှာပေါ်မှာ စွပ်စွဲပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013