DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်မိုင်းဆွဲခံရပြီးနောက် ကျောင်းသားလူငယ် ၂၀ ခန့် ဖမ်းဆီးခံရ
DVB
·
September 17, 2022
ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်မိုင်းဆွဲခံရပြီးနောက် ကျောင်းသားလူငယ် ၂၀ ခန့် ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ  စက်တင်ဘာ ၁၆ ရက်ညနေပိုင်းက ရေဦးကထွက်လာတဲ့ စစ်ကောင်စီကား ၃ စီးကို ရေဦး-သပိတ်ကျင်းလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သလို  ရေဦးကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ၃ ဦးနေရာတင်သေဆုံးခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် ရွှေဘိုခရိုင်PDF တပ်ရင်း(၁၄) တပ်ခွဲမှူး ဗိုလ်ရာမက ပြောပါတယ်။

“ရေဦးမြို့ထွက်မှာတစ်စီး၊ မုတ်စီရွာထိပ်မှာ တစ်စီး၊ မုဒုံမှာတစ်စီး လက်ယာကုန်းက စစ်သားတွေကို ကြိုတာ။ သူတို့ကို ရေဦး-သပိတ်ကျင်းလမ်းပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ မုဒုံကတော့ မိုင်းအရင်ခွဲတယ် ပြီးတော့ ရဲဘော်တွေက လက်နက်ကြီးနဲ့ တစ်ချက်ပစ်တယ်။ ပြီးတော့ ပြန်ဆုတ်တယ်။ ပြန်ဆုတ်တဲ့အချိန်မှာ ရေဦးဘက်က စစ်သား ၄ယောက် ဆိုင်ကယ်နဲ့ပတ်တဲ့အချိန် မိုင်းဆွဲတိုက်ခိုက်တာ ၃ယောက် နေရာတင်သေသွားတယ် တစ်ယောက်ကတော့ ခြေပြတ်လက်ပြတ်ဖြစ်သွားတယ်။”

စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ရဟတ်ယာဥ်တွေနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လည်းပြောပါတယ်။

မနေ့ကလက်ယာကုန်းရွာမှာ လေယာဥ်နဲ့ ပစ်ခတ်ခံရပြီးနောက် ရဲဘော်တွေပိတ်မိနေခဲ့ပြီး မနက်ပိုင်း အဆက်အသွယ်ရချိန်မှာ တော်လှန်ရေး ရဲဘော်တယောက် ပစ်ခတ်ခံရလို့ ကျဆုံးသွားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ည ၈ နာရီလောက်မှာ ကျေးရွာမှာရှိတဲ့  ၈ တန်း၊ ၉တန်းအရွယ် ကျောင်းသားအယောက် ၂၀ လောက်ကို  ရေဦးမြို့တိုင်းရင်းဆေးရုံထဲ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဗိုလ်ရာမက ပြောပါတယ်။

“ကျောင်းသားကလေး အယောက်၂၀ကိုလည်း ဖမ်းပြီးတော့ ရေဦးမြို့တိုင်းရင်းဆေးရုံထဲမှာ ဓားစာခံအဖြစ်ထားတာပေါ့။ အခုချိန်ထိ ခေါ်ထားတုန်းပဲ။ တိုင်းရင်းဆေးရုံထဲမှာ အင်အား အယောက် ၁၀၀ လောက်ထပ်တိုးတယ်။ လက်ယာကုန်းမှာချတဲ့ စစ်သားတွေအကုန်လုံးကို ရေဦးမှာပြန်ပြီးတော့ မနေ့ညနေပိုင်းက ပြန်ခေါ်ပြီးတော့ တိုင်းရင်းဆေးရုံထဲမှာ ဝင်သွားတာ။”

ရေဦးမြို့နယ်တိုင်းရင်းဆေးရုံမှာ စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ လုံခြုံရေးယူထားပါတယ်။

စက်တင်ဘာ ၁၃ ရက်ကလည်း ရေဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့စဥ် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ရေဦးမြို့နယ်တစ်ဝိုက်လုံခြုံရေးတင်းကျပ်ထားပြီး ရေဦးမြို့ဝင် မြို့ထွက်တွေမှာလည်း အင်အားအလုံးအရင်းနဲ့ လုံခြုံရေးယူထားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013