DVB Logo
Home
မြန်မာသတင်း
ငပုတောမြို့နယ် ဟိုင်းကြီးရဲစခန်းက ရဲတဦး ကြိုးဆွဲချ သေဆုံး
DVB
·
September 16, 2022
ငပုတောမြို့နယ် ဟိုင်းကြီးရဲစခန်းက ရဲတဦး ကြိုးဆွဲချ သေဆုံး
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တိုင်းရဲတပ်ဖွဲ့ရဲ့ စာရင်းထဲမှာတော့ ကြိုးဆွဲချသေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို အရက်စွဲရောဂါကြောင့် သေဆုံးခဲ့တယ်လို့ စာရင်းထည့်သွင်းထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

“သတင်းတင်လာတာတော့ ကြိုးဆွဲချသေဆုံးတာမျိုးမဟုတ်ဘူး အရက်စွဲရောဂါကြောင့် သေဆုံးခဲ့တယ်လို့ ကြေးနန်းတင်လာတာတော့ရှိတယ်။ နာမည်နဲ့ ကိုယ်ပိုင်အမှတ်တော့ ပြောလို့မရဘူး၊ ဒီတပ်ဖွဲ့ဝင် သေဆုံးခဲ့တာတော့ အတည်ပြုလို့ရတယ်”လို့ တိုင်းရဲတပ်ဖွဲ့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ကြိုးဆွဲချသေဆုံးခဲ့တဲ့ ရဲတပ်သားကို ဒေသခံအများစုက ကိုကရင်ကြီးလို့ အသိများပြီး အမှတ် ၂ ရပ်ကွက် ၂ လမ်းထိပ်က ရေတွင်းထဲမှာ ကြိုးဆွဲချသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

ကိုကရင်ကြီးက ဟိုင်းကြီးကျွန်းနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အချိန်ပြည့် အရက်သေစာသောက်စားကာ မူးနေခဲ့သူ ဖြစ်တာကြောင့် အကြိမ်ကြိမ်သတိပေးခံထားရတဲ့ တပ်ဖွဲ့ဝင်တဦးဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013