DVB Logo
Home
မြန်မာသတင်း
ကောလင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးလာဖြင့် ပြည်သူ ၅၀၀၀ ကျော် တိမ်းရှောင်နေရ
DVB
·
September 16, 2022
ကောလင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးလာဖြင့် ပြည်သူ ၅၀၀၀ ကျော် တိမ်းရှောင်နေရ
Donate to DVB

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ခံသာတိုက်နယ်ကို စက်တင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းထိုးဝင်လာပြီး ပြည်သူ ၂၁ ဦးကို ဖမ်းခေါ်ဆောင်သွားတာကြောင့် ကျေးရွာ ၁၅ ရွာက ပြည်သူ ၅၀၀၀ ကျော် နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ခံသာတိုက်နယ်ထဲက ကျေးရွာတွေ တိမ်းရှောင်နေတာ လွန်ခဲ့တဲ့ ၁၃ ရက်နေ့ကတည်းက နီးစပ်တဲ့ ရွာတွေကို ထွက်ပြေးနေကြတယ်၊ ဝန်းသိုဘက်ကနေ တက်လာတဲ့ စစ်ကောင်းက ပြည်သူ ၂၁ ဦးလောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲဒါနဲ့ ကြောက်တော့ အားလုံး ထွက်ပြေးကြတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ခံသာတိုက်နယ်ထဲက ပြည်သူ ၂၁ ဦး အဲဒီညမှာ ပြန်လွတ်လာပေမဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိအချိန်ထိ သစ်လဖုတောင်မှာ တပ်စွဲထားတာကြောင့် ခံသာတိုက်နယ်ထဲက ကျေးရွာနေပြည်သူတွေ နေရပ်မပြန်နိင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

“အခုက စစ်ကြောင်းနဲ့ဝေးတဲ့ ကျေးရွာမှာတွေက ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေရတယ်၊ အဆင်ပြေရင်ပြေသလို ဝေစားမျှစားလုပ်နေရတယ်၊ စစ်ကြောင်း(စကစ)ကေည်း မဆုတ်သေးတော့ အိမ်လည်းပြန်လို့မရသေးဘူး၊ တိုက်ပွဲလည်းဖြစ်သေးတယ်” လို့ ပြောပါတယ်။

ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၅ နာရီခွဲဝင်းကျင်က ထိတွေတိုက်ပွဲဖြစ်ပွားခဲ့သလို့ ဒီနေ့မနက် ၆ နာရီဝန်းကျင်ကလည်း စစ်ကောင်စီတပ်စွဲထားတဲ့ သစ်ဖုလတောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ၆၀ မမတွေနဲ့ ဝိုင်းဝန်းပစ်ခတ်ရာမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

ကောလင်းမြို့နယ်ထဲမှာ စက်တင်ဘာ ၁၃ ရက်နေ့ ည ၇ နာီဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားတဲ့တိုက်ပွဲမှာ PDF ၃  ဦးနဲ့ ပ.က.ဖ ၅ ဦး တိုက်ပွဲကျဆုံးခဲ့ရပြီး ပြည်သူနှစ်ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013