DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်၌ ကျဆုံးခဲ့သည့် PDF ရဲဘော်များအတွက် တနှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲလုပ်
DVB
·
September 16, 2022
ယင်းမာပင်၌ ကျဆုံးခဲ့သည့် PDF ရဲဘော်များအတွက် တနှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲလုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေအတွက် တနှစ်ပြည့် လွမ်းဆွတ်ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ် အခမ်းအနား တခုကို စက်တင်ဘာ ၁၅ ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့ National People Defence Force -Yinmarbin (NPDF) က ပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ယင်းမာပင်မြို့နယ် အရှေ့မြောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းမှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်လှမိုးဦး၊ ရဲဘော်နေဝင်းထွန်းနဲ့ ရဲဘော်သန်းဝေငြိမ်းတို့ ကျဆုံးကာ ကျေးရွာအတွင်းက အသက် ၇၀ အရွယ်ရှိ အပြစ်မဲ့ပြည်သူ အဘွားအို ၁ ယောက်လည်း လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရတယ်လို့ သိရပြီး သူတို့ကို အထိမ်းအမှတ် ဂုဏ်ပြုတဲ့အနေနဲ့ အခမ်းအနား ပြုလုပ်ရတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ National People Defence Force - Yinmarbin (NPDF) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လွန်ခဲ့တဲ့တနှစ်က ရွာထဲမှာ ကင်းစောင့်နေချိန် ဒလန်တွေက ငွေကြေးပေးပြီး စကစတပ်ကို ခေါ်တယ်။ ရွာအဝင်တံတားမှာ ကင်းစောင့်နေချိန် ဝင်ပစ်ခံရတာပါ။ အဲ့ဒီမှာ ကျနော်တို့တပ်ဖွဲ့က ရဲဘော် ၃ ဦး ကျဆုံးခဲ့ရတယ်။ နောက်ပြီး စကစတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာထဲက အသက် ၇၀ အရွယ် အဘွားအို ၁ ဦးလည်း ဆုံးပါးသွားခဲ့ရပါတယ်။ သူတို့အားလုံးကို လွမ်းဆွတ်ဂုဏ်ပြုတဲ့အနေနဲ့ အခုလို အထိမ်းအမှတ်ပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒီနေ့မှ ထုတ်ပြန်ရတာပါ။”

အဲ့ဒီဂုဏ်ပြုပွဲအခမ်းအနားမှာ ‌သေဆုံးသွားသူတွေအတွက် အထိမ်းအမှတ်နေရာတခု သတ်မှတ်ကာ လွမ်းသူ့ပန်းခွေ၊ ပန်းစည်းတွေချတာနဲ့ အလေးပြုတာတွေကို ပြုလုပ်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အားကောင်းတဲ့ ဒေသတခုဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေကာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013