DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်၌ စစ်တပ်ကပစ်ခတ်သဖြင့် ရွာသား ၂ ဦး ဒဏ်ရာရ၊ ကောလင်းမြို့နယ်၌ ရွာသား ၂ ဦးဖမ်းဆီးခံရ
DVB
·
September 16, 2022
ကန့်ဘလူမြို့နယ်၌ စစ်တပ်ကပစ်ခတ်သဖြင့် ရွာသား ၂ ဦး ဒဏ်ရာရ၊ ကောလင်းမြို့နယ်၌ ရွာသား ၂ ဦးဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့တိုက်နယ်၊ မိဿလင်ကုန်းကျေးရွာထဲကို စက်တင်ဘာ ၁၅ ရက်‌ မနက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လို့ သက်ကြီးရွယ်အိုတယောက်နဲ့ ကလေးငယ်တယောက် ဒဏ်ရာရရှိသွားပါတယ်။

အသက် ၇၅ နှစ်အရွယ် ဦးကြယ်နီနဲ့ အသက် ၁၃ နှစ်အရွယ် မောင်ကျော်ဟိန်းတို့ ထိခိုက်ဒဏ်ရာ ရထားပါတာလို့ ကောလင်းအခြေစိုက်သတင်းအချက်အလက်အဖွဲ့ Kawlin Info တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အခုအဲ့ဒီစစ်ကြောင်း မိဿလင်ကုန်းရွာထဲကို ရောက်နေကြပြီ။ ဦးကြယ်နီက ခြေထောက်ကို သေနတ်ကျည်ထိပြီး ပေါက်သွားတယ်။ စစ်ဘေးရှောင်ဖို့အထွက် သံလမ်းဘက်ကနေ လှမ်းပစ်တာ။ မောင်ကျော်ဟိန်းက ဆိတ်ကျောင်းနေတာ ပြောင်းခင်းထဲ ကင်းပုန်းဝပ်တဲ့ စ(--)က လှမ်းပစ်တာ၊ လက်ပြင်ကိုထိသွားတယ်။”

ကိုးထောင်ဘို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မိဿလင်ကုန်းကျေးရွာအတွင်း တပ်စွဲထားပြီး ရွာသူ ရွာသားတွေ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဇီးကုန်းရွာမှာလည်း  ရွာသား ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ဇီးကုန်းရွာသား ၂ ယောက်ဟာ အသက် ၄၀ ဝန်းကျင်ရှိ ဦးဝင်းအောင်နဲ့ ဦးဝင်းမြိုင်တို့ဖြစ်ပြီး ဦးဝင်းမြိုင်ဟာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူတယောက်ဖြစ်ကာ ဒီနေ့ထိ အဆက်အသွယ်မရ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၂ ရက် တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့က အလယ်တန်းပြ CDM ကျောင်းဆရာ ဦးချမ်းသာနဲ့ ကိုသိန်းဇော်တို့သတ်ခံရတဲ့နေ့မှာဘဲ  ဦးဝင်းအောင်နဲ့ ဦးဝင်းမြိုင်တို့ကို စစ်တပ်က ဖမ်းဆီးသွားရာမှာ အခုထိ သေသလား ရှင်သလား မသိရသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

နီးစပ်တဲ့ ဒေသခံ အမျိုးသားတယောက်က “၁၂ ရက်နေ့ တိုက်ပွဲအပြီး လယ်တောထဲကတဲမှာ ရှောင်နေတုန်း ဖမ်းသွားဝာာ၊ သူ့ရဲ့အမ ဒေါ်မြင့်တယောက်တည်း လယ်တဲထဲမှာ ကျန်ခဲ့တာ မနက်လင်းမှ ရှာတွေ့တာ။ ဦးဝင်းမြိုင်က မဲပေးတုန်းက ပြည်ခိုင်ဖြိုးမဲပေးတာတဲ့ သူကိုယ်တိုင်ပြောခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုးတောင်ဘို့ရွာကို ပြန်ဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထဲမှာ  အရပ်ဝတ်နဲ့ ၂ ယောက်ပါတယ်လို့ မြင်တွေ့လိုက်ရသူကပြောပေမဲ့ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရဘူးလို့   နီးစပ်သူတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013