DVB Logo
Home
မြန်မာသတင်း
သတင်းထောက် မထက်ထက်ခိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်
DVB
·
September 15, 2022
သတင်းထောက် မထက်ထက်ခိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်
Donate to DVB

ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးသတင်းထောက် မထက်ထက်ခိုင်ကို အကြမ်းဖက်စစ်ကောင်စီက ဩဂုတ် ၁၅ ရက် ဒီကနေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

သူ့ကိုတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။

VOA နဲ့ Frontier Myanmar သတင်းဌာနတို့ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကို စစ်ကောင်စီက အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) အပြင် ထောင်ဒဏ်တသက်တကျွန်းအထိ ချနိုင်တဲ့ ပုဒ်မ ၁၂၄ (က) တွေနဲ့ ထပ်တိုးတရားစွဲခဲ့ပြီး BBC Media Action မှာ အလွတ်တန်း ထုတ်လုပ်ရေးမှူး တာဝန်ထမ်းနေဆောင်နေတဲ့ မထက်ထက်ခိုင်ကိုတော့ ပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) တို့နဲ့ စွဲဆိုထားတာပါ။

အကြမ်းဖက်စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးနောက်ပိုင်းမှာ ပြည်တွင်း မီဒီယာ ၈ ခုကို တရားဝင် ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲတာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ သတင်းလွပ်လပ်ခွင့်ကို အကြီးအကျယ်ချိုးဖောက်ခဲ့ရုံမက  သတင်းသမား ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးထားခဲ့ပါတယ်။ တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ သတင်းသမားအယောက် ၆၀ ကျော်ဟာ ဆက်လက် ဖမ်းခံထားရသလို အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် သတင်းသမား ၃ ယောက် သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၆ မှာ ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013