
ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၅ ရက်ကစပြီး မီးသုံးစွဲသူတွေကို အုပ်စု အေနဲ့ အုပ်စု ဘီ ၂ ခု ခွဲပြီး မနက် ၅ နာရီကနေ ည ၉ နာရီအထေ၊ ၁ အုပ်စုကို မီးလာချိန် ၄ နာရီ အလှည့်ကျ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးမယ်လို့ စစ်အာဏာရှင်လက်အောက်ခံလျှပ်စစ်ရုံးက ထုတ်ပြန် အသိ ပေးပါတယ်။
ဒီအစီအစဉ်အရ မနက် ၅ နာရီကနေ ည ၉ နာရီအတွင်း အုပ်စုအေနဲ့ ဘီတို့ကို မီးလာချိန် ၄ နာရီစီ အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးမှာ ဖြစ်ပြီး ည ၉ နာရီကနေ နောက်တနေ့မနက် ၅ နာရီအထိ အုပ်စု ၂ ခုလုံးကို ဓာတ်အားဖြန့်ဖြူးပေးသွားမယ်လို့ ဆိုပါတယ်။
အောက်တိုဘာလအတွင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ ဓာတ်အားဖြန့်ဖြူးမဲ့ ပုံစံကိုလည်း အသိပေးထားပြီး ဓာတ်အားထုတ်လုပ်နိုင်မှုနဲ့ ဓာတ်အားစနစ် အခြေအနေအပေါ် မူတည်ပြီး ဓာတ်အားပေးချိန် အတိုး၊ အလျှော့နဲ့ အပြောင်းအလဲရှိနိုင်ကြောင်းလည်း အသိ ပေးထားပါတယ်။
ရာသီဥတုပူလာလို့ လျှပ်စစ်ကို ပိုသုံးလာကြတာကြောင့် System Breakdown မဖြစ်အောင် အောက်တိုဘာ ၅ ရက်နေ့က စပြီး လျှပ်စစ်မီးကို အလှည့်ကျပေးတော့မယ်လို့ စစ်အာဏာရှင်ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတပြည်လုံး မီးလာချိန် မမှန်ကန်ဘဲ တနေကုန် မီးပြတ်တာ လည်း ရှိခဲ့ပါတယ်။
Source – EPC










