DVB Logo
Home
မြန်မာသတင်း
မြိုင်နှင့် ဆောတွင် ပြည်သူ့အစိုးရကို ထောက်ခံပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြ
DVB
·
September 14, 2022
မြိုင်နှင့် ဆောတွင် ပြည်သူ့အစိုးရကို ထောက်ခံပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြ
1 / 5
Donate to DVB

မကွေးတိုင်း၊ မြိုင်နဲ့ ဆောမြို့နယ်တွေမှာ ဒေသခံပြည်သူတွေဟာ စက်တင်ဘာ ၁၃ ရက်က ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို ထောက်ခံပြီး စစ်အာဏာရှင်ပြုတ်ကျရေး PDF တပ်ဖွဲ့ လုံခြုံရေး အစောင့်အရှောက်နဲ့ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ BEGSC (မြိုင်) နဲ့ TYF (ဆော၊ ကျောက်ထု) ကနေ သိရပါတယ်။

မြိုင်မြို့နယ်ထဲမှာ စက်တင်ဘာ ၁၃ရက် ည​နေပိုင်းက BEGSC (မြိုင်) နဲ့ ပြည်သူလူထု ပူးပေါင်းပြီး NUG ကို တရားဝင်အသိအမှတ်ပြုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက်ထားရှိပေးဖို့ PDF တပ်ဖွဲ့ လုံခြုံရေးအစောင့်အရှောက်တွေနဲ့ ဆည်းဆာသပိတ် ပြုလုပ်ခဲ့ကြတယ်လို့ မြိုင်မြို့နယ် အခြခံပညာ အထွေထွေသပိတ်ကော်မတီရဲ့ ဦးဆောင်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်အာဏာရှင်ပြုတ်ကျရေး လူထုသပိတ်က လူထုတွေ သွေးအေးမသွားရအောင် မရှိမဖြစ် လိုအပ်တာဖြစ်လို့ ပြည်သူလူထုရဲ့ ဆန္ဒကို အေးအေးဆေးဆေးနဲ့ ထုတ်ဖော်ပြသတဲ့ပွဲဖြစ်လို့ စစ်ကောင်စီတပ်တွေ ဘယ်လောက်ပဲ စစ်ကြောင်းတွေထိုးနေပါစေ၊ မရ ရတဲ့နည်းနဲ့ ဖောက်ထွက်ပြီး လူထုတွေ၊ ပြည်သူတွေရှေ့ကနေ ဦးဆောင်ပြီး စစ်အာဏာရှင် မပြုတ်မချင်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အကြောက်ဆုံးက ပြည်သူလူထု မပါလာမှုကို အကြောက်ဆုံးဖြစ်သလို မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း ပြည်သူလုထုကို အကြောက်ဆုံးဖြစ်လို့ အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူလူထုတရပ်လုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ပေးကြပါ။”

မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီကို ၂၀၂၁ မေလ ၁၈ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင် ပြုတ်ကျရေးအတွက် နေ့စဥ်ရက်ဆက် ချီတက် ဆန္ဒပြသပိတ်တွေ ပြုလုပ်ခဲ့တာ တနှစ်ကျော်ခဲ့ပြီလို့ ဆိုပါတယ်။

ဆောမြို့နယ်တနေရာမှာ စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီလောက်က ‘Accept NUG and Our Ambassador, Reject Dictator’ ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး TYF က ဦးဆောင်ကာ ဒေသခံပြည်သူ ၁၀၀ ကျော်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆည်းဆာသပိတ် ပြုလုပ်ခဲ့တယ်လို့ TYF (ဆော၊ ကျောက်ထု) ခေါင်းဆောင် ကိုဇင်ကိုဝင်းက ပြောပါတယ်။

ဒီလို ဆန္ဒပြရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်သူ့အစိုးရ NUG ကို ထောက်ခံပေးဖို့နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက်ထားရှိဖို့ ပြုလုပ်ရတာဖြစ်ပြီး ပြည်သူတွေရဲ့ဆန္ဒကို ကမ္ဘာတဝန်းလုံးက သိရှိနိုင်အောင် ပြုလုပ်ရတာလို့ ဆိုပါတယ်။

အဲဒီဆန္ဒပြသပိတ်ကို ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆော ပ.က.ဖ တို့က ပူးပေါင်း ဝန်ရံပေးခဲ့ကြပြီး ဆောမြို့နယ်အတွင်းမှာ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသပိတ်တွေ ပြန်လည်အားကောင်းလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013