DVB Logo
Home
မြန်မာသတင်း
PDF Kalay တပ်ရင်း ၁၂ ၏ ဒရုန်းပရောဂျက် သတ်မှတ်နှုန်းထက် ကျော်လွန်အောင်မြင်
DVB
·
September 14, 2022
PDF Kalay တပ်ရင်း ၁၂ ၏ ဒရုန်းပရောဂျက် သတ်မှတ်နှုန်းထက် ကျော်လွန်အောင်မြင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ ကလေးခရိုင် အမှတ် ၁၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Kalay တပ်ရင်း ၁၂) က ဒရုန်းပရောဂျက်အတွက် ဩဂုတ် ၁၃ ရက်မှ စက်တင်ဘာ ၁၃ ရက်အထိ တလအတွင်း ကျပ် ၂၆၅ သိန်း ကောက်ခံရရှိရေး လှုပ်ရှားမှုအဖြစ် ပရောဂျက် စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

အဆိုပါပရောဂျက်ဟာ စက်တင်ဘာ ၁၃ ရက် မနေ့က တလပြည့်မြောက်ကာ လှုပ်ရှားမှုကာလ ပြီးမြောက်ခဲ့ပြီး ပြည်တွင်းပြည်ပမှ ပြည်သူများရဲ့ ပူးပေါင်းပါဝင်ထောက်ပံ့မှုကြောင့် မျှော်မှန်းငွေကျပ် ၂၆၅ သိန်းကို ကျော်လွန်ကာ ကျပ် ၃၂၄ သိန်းအထိ ကောက်ခံရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၂၀ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့တာလို့ ကလေး PDF တပ်ရင်း ၁၂ တာဝန်ခံက ပြောပါတယ်။

“ကျနော် ပရောဂျက်အစောပိုင်းက သိန်း ၁၈၀ ပဲ မျှော်မှန်းပြီး လုပ်ဆောင်ခဲ့ကြတာ။ ပရောဂျက် ၁၅ ရက်ပြည့်တဲ့နေ့မှာ ထပ်မံအရှိန်မြှင့်ပြီး ၂၆၅ သိန်းကျပ်အထိ လုပ်ဆောင်လိုက်ကြတာ။ ပရောဂျက်က ထင်မထားလောက်‌အောင် အောင်မြင်သွားတဲ့အတွက် ရရှိတဲ့ငွေတွေကို တော်လှန်ရေးအတွက် အသုံးချသွားမှာပါ။”

ပရောဂျက်အောင်မြင်ဖို့ အစွမ်းကုန် ပါဝင်ပေးကြတဲ့ ပြည်သူတွေကို “တလအတွင်း ရည်မှန်းချက်ရဲ့ ၁၂၀ ရာခိုင်နှုန်းအထိ ကျော်လွန်အောင်မြင်သွားအောင် စွမ်းစွမ်းတမံ ပါဝင်ထောက်ပို့ပေးခဲ့ကြသော မိဘပြည်သူများအားလုံးကို အထူးပင် ကျေးဇူးဥပကာယ တင်ရှိပါကြောင်း” တပ်ရင်း ၁၂ က ကျေးဇူးတင်စကား ဆိုထားပါတယ်။

ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁၂ ဟာ တခြားမဟာမိတ်အဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို မြေပြင်မှာ လက်တွေ့ တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013